• Page 1

    Well Come to thukhaaung2016.blogspot.com

  • Page 2

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • Page 3

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • Page 4

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

  • Page 5

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by NewBloggerThemes.com.

သုခအောင် စာအုပ်စင်သို့ လာရောက်လည်ပတ်ကြသော စာပေချစ်ပရိတ်သတ်အားလုံး မင်္ဂလာပါ။ လာရောက်လည်ပတ်သည့်အတွက်ကျေးဇူးတင်ပါတယ်။ ဤဘလော့မှပေ့အားလုံးကို လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါသည်။ လိုအပ်သည်များကိုလည်း 09-400700358/09-760136274 ကိုဖုန်းဆက်အကြံပေးနိုင်ပါသည်။

Friday, 29 November 2019

မြိတ်တွင် Market Garden စျေးဝယ်စင်တာဖွင့်ပွဲပြုလုပ်



 မြိတ်တွင် Market Garden စျေးဝယ်စင်တာဖွင့်ပွဲပြုလုပ်
=-=-=-=-=*=-=-=-=-=
29.11.2019

မြိတ်မြို့ ၊ သာကေတသဲကွင်းတွင် နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက Market Garden Myeik စျေးဝယ်စင်တာဖွင့်ပွဲပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါဖွင့်ပွဲကို မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန် တက်ရောက်ပြီးဖွင့်လှစ်ပေးခဲ့တာပါ။

ဖွင့်ပွဲတွင် တရုတ်ရိုးရာ ခြင်္သေ့အက၊ နဂါးအကများဖြင့်ဖျော်ဖြေပြီး တက်ရောက်လာတဲ့ဧည့်ပရိသတ်များအား အကျွေးအမွေးဖြင့်ဧည့်ခံခဲ့ကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Credit...







Share:

Wednesday, 27 November 2019

ထားဝယ်အမျိုးသားနေ့ အခမ်းအနားစည်းကားသိုက်မြိုက်စွာကျင်းပ





ထားဝယ်အမျိုးသားနေ့ အခမ်းအနားစည်းကားသိုက်မြိုက်စွာကျင်းပ

ထားဝယ်    နိုဝင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်အမျိုးသားနေ့အခမ်းအနားကိုနိုဝင်ဘာလ ၂၇ရက်နေနံနက်၆း၃၀ နာရီ က ထားဝယ်မြို့.တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေးမှုပြတိုက်၌စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ရှေးဦးစွာမေဃ၀တီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊နှင့်တာဝန်ရှိသူများကထားဝယ်အမျိုးသားနေ့မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးတက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့်ထားဝယ်အမျိုးသားအလံတို့အားအလေးပြုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သြဝါဒစရိယ၊ အဂ္ဂမဟာမဏ္ဍိတ ဆရာတော် ဘဒ္ဒသူရိယက သြဝါဒကထာမြွက် ကြားပြီးပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်ကနှုတ်ခွန်းဆက်စကားပြောကြား၍ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)ဦးစီးနာယက ဦးတင်မြ(ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)ကထားဝယ်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းအားရှင်းလင်းပြောကြားသည်။

ထိုနောက်ပြည်ထောင်စုလွှတ်တော်နာယက၊ပြည်သူ့လွှတ်တော်နာယကဦးတီခွန်မြတ်ထံမှပေးပို့လာသောသဝဏ်လွှာအားတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ကလည်းကောင်း၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှပေးပို့လာသောသဝဏ်လွှာအား ထားဝယ်လူမျိုး စုစည်းမှုကော်မတီ(ဗဟို)ဦးစီးနာယကဦးတင်မြ က လည်းကောင်း ၊ထားဝယ်အသင်း(မန္တလေး)မှပေးပို့သောသဝဏ်လွှာအားအတွင်းရေးမှူး ဦးစန်းမြင့် က လည်းကောင်း၊ ထားဝယ်လူမျိုးတိုးတက်ရေးအသင်း(ထိုင်းနိုင်ငံ)မှ ပေးပို့လာသော သဝဏ်လွှာအား အရှင်ကုဝေရ က လည်းကောင်းအသီးသီးဖတ်ကြားကြသည်။

ဆက်လက်၍ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)တာဝန်ခံဦးအောင်မျိုးကထားဝယ်လူမျိုးများအမျိုးသားရေးစိတ်ဓာတ်နိုးကြားလာစေရန် ၊ ထားဝယ်လူမျိုးများ ပိုမိုစုစည်းမိလာစေရန်နှင့်စုစည်းရရှိလာသောအင်အားစုဖြင့်မိမိထားဝယ်တိုင်းရင်းသားအရေးနှင့်ပက်သက်သောကိစ္စများကိုစုစည်းညီညွတ်စွာလုပ်ဆောင်နိုင်ရန်၊ပုဂ္ဂိုလ်အရေး၊လူတန်းစားအရေး၊ဘာသာရေး၊နိုင်ငံရေးနှင့်စီးပွားရေးအလျင်းမပြုဘဲထားဝယ်အမျိုးသားနေ့ကို ထားဝယ်အမျိုးသားရေးစိတ်ဓာတ်၊ထားဝယ်လူမျိုးများအချင်းချင်းရိုင်းပင်းကူညီလိုသောစိတ်ဓာတ်များ မြင့်မားလာစေရန်၊ ထားဝယ် တိုင်းရင်းသားအရေးကဏ္ဍများကို မြှင့်တင်လိုသည့်စိတ်ဓာတ်များစေရန်စသည်တို့ဖြင့်အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။

၄င်းနောက် ညှိနှိုင်းရေးမှူး ဦးတင့်လွင်ကထားဝယ်လူမျိုးဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး  ဆရာတော် ဘဒ္ဒန္တဣန္ဒဉာဏကထားဝယ်အမျိုးသားနေ့အခမ်းအနားကျင်းပနိုင်သည့်အတွက်ဝမ်းမြောက်ကြောင်းမြွက်ကြားကာပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်ကအလှူငွေ(၁၀)သိန်းကျပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလုကာကအလှူငွေ(၂၀)သိန်းကျပ်ပေးအပ်ခဲ့ရာ ဦးစီးနာယက ဦးတင်မြ က လက်ခံယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထိုနောက်ပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်နှင့်တာဝန်ရှိသူများ ကပြတိုက်အတွင်းခင်းကျင်းပြသထားသောထားဝယ်လူမျိုးပြကွက် အားလှည့်လည်ကြည့်ရှုခဲ့ကြပြီးတက်ရောက်လာကြသူများ အား ထားဝယ်ရိုးရာယဉ်ကျေးမှုအကဖွဲ့များကရိုးရာယဉ်ကျေးမှုအကများဖြင့်ဧည့်ခံကြသည်။

အခမ်းအနားသို့နိုင်ငံတော်သြဝါဒစရိယ၊အဂ္ဂမဟာမဏ္ဍိတ ဆရာတော် ဘဒ္ဒန္တသူရိယ(ဇေယျဝတီကျောင်း တိုက် ၊ပင့်သံဃာ(၅၀)ပါး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)ဦးစီးနာယကဦးတင်မြ(ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)၊ ထားဝယ် စာပေ နှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ဦးအောင်သန်းဦး၊ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ (ဗဟို)တာဝန်ခံ ဦးအောင်မျိုးနှင့်ဗဟိုကော်မတီဝင်များ၊ထားဝယ်အသင်း(မန္တလေး)အတွင်းရေးမှူးဦးစန်းမြင့်၊(ပါမောက္ခ-ငြိမ်း)၊ ထားဝယ် ရိုးရာယဉ်ကျေးမှုအကအဖွဲ့ခေါင်ဆောင်ဦးကိုကိုကြီး၊နှင့်အဖွဲ့၊ ဖိတ်ကြားထားသူများ ဒေသခံ ပြည်သူများတက်ရောက်ခဲ့ကြသည်။

ယနေ့ထားဝယ်အမျိုးသားနေ့တွင် ထားဝယ်ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပခြင်းနှင့်ထားဝယ်ရိုးရာအားကစားနည်းပြိုင်ပွဲကျင်းပခြင်းများဆောင်ရွက်ခဲ့ကြပြီးထားဝယ်အမျိုးသားနေ့အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ်မီးပုံးပျံအကြီး(၁)လုံးလွှတ်တင်ခဲ့ကြောင်းသရှိရသည်။
Share:

“လူပါး၀ခံရတဲ့အခါ”

“လူပါး၀ခံရတဲ့အခါ”

ကျွန်တော်တို့ဘ၀မှာ တစ်ယောက်ယောက်က အနိုင်ကျင့်တာ၊ စော်ကားတာ၊ ဗိုလ်ကျတာ၊ တင်စီးတာ၊ တည့်တည့်ပြောရရင် လူပါး၀တာမျိုးတွေ ကြုံဖူးကြမှာပါ။ ကျောင်းမှာ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ နောက်ဆုံး သွားရင်းလာရင်း ဖြစ်ဖြစ်ပေါ့။ 

နည်းနည်းလောက် ပြန်စဉ်းစားကြည့်ကြည့်ပါ။ အဲ့လိုကြုံရတဲ့အခါ ဘယ်လိုခံစားရသလဲ၊ ဘယ်လိုတုံ့ပြန်ခဲ့မိသလဲ။ များသောအားဖြင့်တော့ စိတ်တိုမယ်၊ ငိုမိမယ်၊ ပြင်းပြင်းထန်ထန် တုံ့ပြန်မိချင်လည်းမိမယ်။ ဒီကနေမှတဆင့် အလုပ်ထွက်လိုက်တာ၊ အလုပ်ပြုတ်တာ၊ အမုန်းပွားတာတွေ ဖြစ်ရင်လည်း ဖြစ်ခဲ့မယ်။ ဒီဆောင်းပါးလေးမှာတော့ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတုန်းက တွေးမိခဲ့တာလေးတွေအပေါ် အခြေခံပြီး ဝေမျှချင်ပါတယ်။

၁။ စိတ်ထိန်းနိုင်ဖို့ လိုပါတယ်။

ဘယ်သူမဆို ဖြစ်ဖြစ်ချင်းတော့ စိတ်တိုတာပဲ။ အဲဒါကို မထိန်းနိုင်လိုက်တဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ လူမှုကွန်ရက်တွေမှာလည်း တွေ့ဖူးတယ်၊ ကားပါကင်လုရင်း ပြဿနာဖြစ်ကြရာကတဆင့် ကိုယ်ထိလက်ရောက် လုပ်ကြတယ် ဆိုတာမျိုး။ ရုံးတွေ၊ အလုပ်တွေမှာဆိုရင်တော့ နောက်ပိုင်းအလုပ်လုပ်သမျှ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ အဆင်မပြေတော့တာမျိုး၊ စကားတွေလွန်၊ နှုတ်တွေကျွံသွားလို့ အလုပ်ထွက်လိုက်ရတာမျိုးတွေထိ ဖြစ်တတ်တာပေါ့။ ပြန်စဉ်းစားကြည့်ရင် မတန်ဘူးဆိုတာ သတိထားမိလိမ့်မယ်။ ဒါကြောင့် ဖြစ်ဖြစ်ချင်းမှာ စိတ်ထိန်းဖို့ လိုတယ် ပြောတာပါ။

ကြားဖူးတာလေးတစ်ခုရှိတယ်၊ 90/10 principle တဲ့။ ဘာလဲဆိုတော့ ဘ၀မှာ ကြုံတွေ့ရသမျှ အရာတွေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ သူ့အလိုလိုဖြစ်လာတာ ဖြစ်ပြီးတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ အဲဒီ ၁၀ ရာခိုင်နှုန်းကို ဘယ်လိုတုံ့ပြန်လိုက်သလဲ ဆိုတာရဲ့ အကျိုးဆက်ပါတဲ့။ ဥပမာပြောရရင် လမ်းမှာ ကားပိတ်လို့ စိတ်တိုတိုနဲ့ အလုပ်ကိုရောက်သွားတယ် ဆိုပါတော့။ ကားပိတ်တာက ကိုယ့်ကြောင့်မဟုတ်ဘူး၊ ကိုယ်ထိန်းချုပ်လို့လည်း မရဘူး။ ဒါပေမယ့် အဲဒါကို စိတ်တိုတယ်၊ တိုတဲ့စိတ်ကို အလုပ်သယ်သွားတော့ ဟိုမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ Customer တွေနဲ့ ပြဿနာတက်ပြီး တစ်နေကုန် အဆင်မပြေတော့ဘူး။ ဒီတော့ ကားပိတ်တာဟာ ရှောင်လွှဲလို့မရတဲ့ ၁၀ ရာခိုင်နှုန်း၊ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ ကားပိတ်တဲ့အပေါ် တုံ့ပြန်လိုက်တဲ့ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။

ဒီလိုလေးမြင်ကြည့်လိုက်တဲ့အခါ တခုခုတုံ့ပြန်တော့မယ် ဆိုတဲ့အခါတိုင်း ကိုယ့်စိတ်ကိုကိုယ် ပိုပြီး ထိန်းချုပ်နိုင်လာတယ်။ ခဏလေးပဲ စိတ်က လွတ်ထွက်သွားတာပဲ၊ ဒါပေမယ့် နောက်မှာ ဆက်လိုက်လာမယ့် ပြဿနာက အများကြီး။ ဒီအတွက် မလဲသင့်ဘူးလို့ မြင်လာတယ်။

နောက်ပုံပြင်တစ်ခုလည်း ရှိသေးတယ်။ မြွေတစ်ကောင်ဟာ သူ့ခေါင်းပေါ်မှာ ပျားလာနားလို့ စိတ်တွေတိုရင်း တိုရင်း နောက်ဆုံး မောင်းလာနေတဲ့ လှည်းရဲ့ ဘီးအောက်ကို ခေါင်း၀င်ခံလိုက်တယ်တဲ့။ နားနေတဲ့ ပျားလည်း သေ၊ သူကိုယ်တိုင်လည်း သေ။ ဒါကြောင့် ဒီစိတ်တိုစရာလေးတစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ တခြားအရာတွေကို အဆုံးရှုံးမခံပါနဲ့။ မလဲပစ်ပါနဲ့။ ဒီထက်ပိုကောင်းတဲ့ ဖြေရှင်းနည်းကို ခေါင်းအေးအေးနဲ့ ရှာဖွေပါ။

၂။ ပြတ်သားတဲ့သူတစ်ယောက် ဖြစ်ပါစေ။

စိတ်ကိုထိန်းရမယ်လို့ ပြောလိုက်တာဟာ အရာအားလုံး ငုံ့ခံလာရမယ်လို့ မဆိုလိုပါဘူး။ ပြတ်ပြတ်သားသား ပြောရဲဆိုရဲဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ လူရဲ့သဘောက သည်းခံတဲ့သူဆို ပိုပြီး အနိုင်ယူတတ်လို့ပါပဲ။

လူတွေကို ၃ မျိုး ၃ စားခွဲလို့ရပါတယ်။ ကိုယ့်တစ်ဖက်တည်းသိပြီး သူတစ်ပါးကို နစ်နစ်နာနာ ပြောတတ်၊ အနိုင်ယူတတ်တဲ့ Aggressive type သမားတွေရယ်၊ ပြိုင်လာရင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး ဆိုပြီး ဘာလုပ်လုပ် ငြိမ်ခံနေတတ်တဲ့ Passive type သမားတွေရယ်၊ နောက်ဆုံးတစ်ခုကတော့ သူတစ်ပါးကိုလည်း လေးစားသလို၊ ကိုယ့်အခွင့်အရေးလည်း ကိုယ်သိတယ်၊ တောင်းဆိုရဲတယ်၊ ပြီးတော့ ကိုယ့်တာ၀န်လည်း ကိုယ်ကျေအောင်လုပ်တယ်၊ ဒီလိုလူမျိုးကိုတော့ Assertive type လို့ခေါ်ပါတယ်။ ခိုင်မာပြတ်သားတဲ့သူလို့ မြန်မာလို ပြန်ချင်တယ်။ ကျွန်တော်တို့ အဲဒီပုံစံအတိုင်း ဖြစ်ဖို့ လိုပါတယ်။ တစ်ဖက်က အနိုင်ယူသမျှ သည်းခံနေရင် ကိုယ်ဟာ အနိုင်ယူလို့ရတဲ့သူလို့ ထင်သွားတော့မှာပါ။ ရန်ပြန်ဖြစ်ဖို့မဟုတ်ဘဲ ကိုယ်ပြောစရာရှိတာကိုတော့ ရဲရဲတင်းတင်း ပြောနိုင်ဖို့ လိုပါတယ်။

၃။ တနုံ့နုံ့ ခံစားမနေပါနဲ့။

အဲ့လိုအနိုင်ယူခံလိုက်ရပြီးရင် အများစု စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေရတတ်ပါတယ်။ သူက ငါ့ကို ဒီလိုလုပ်ရသလားပေါ့။ ဘာမှပြန်မပြော၊ မလုပ်ခဲ့ရရင် ပိုလို့တောင် ခံစားနေရတတ်တယ်။ တကယ်ဆို စဉ်းစားကြည့်၊ ဟိုလူက ပြောပြီး ပြီးသွားပြီ။ မေ့တောင်မေ့နေပြီ။ ကိုယ့်မှာသာ တနုံ့နုံ့နဲ့ ဖြစ်ကျန်ခဲ့တာ။ နာကျည်းလို့မဆုံး၊ ၀မ်းနည်းလို့မဆုံး၊ ခံစားလို့မဆုံး ဖြစ်နေတာ။ တွက်ကြည့်ရင် ဘယ်လောက်ရှုံးသလဲ။ အပြောလည်း ခံရတယ်။ ဒဏ်ရာကလည်း တစ်သက်လုံး ကျန်နေခဲ့တယ်။ ငယ်ငယ်က သင်ရတဲ့ စာတစ်ပုဒ်လိုပဲ၊ တိုက်ပွဲမှာ ထိသွားလို့ နဖူးမှာ ကျန်ခဲ့တဲ့ အမာရွတ်ကို မှန်ထဲမှာကြည့်တိုင်း ရှုံးနိမ့်နေရတော့မယ့် စစ်သူကြီးလို ဖြစ်နေတယ်။ ဒါကြောင့် ထပ်ကာထပ်ကာ အရှုံးမခံပါနဲ့။ အဲဒီခံစားချက်ကို တတ်နိုင်သလောက် စိတ်ထဲက ဖယ်ထုတ်ကြည့်ပါ။ မဖယ်ထုတ်နိုင်သေးသရွေ့ ရှုံးနေရတယ်ဆိုတာကို မမေ့ပါနဲ့။ 

၄။ ကိုယ့်အဆင့်နဲ့ကိုယ် နေပါ။

တစ်ခါတစ်လေလည်း တွေးမိတတ်ကြတယ်၊ ငါ သူပြောတဲ့အတိုင်း ပြန်ပြောလိုက်ရမလား၊ သူလုပ်တဲ့အတိုင်း ပြန်လုပ်လိုက်ရမလား ဆိုပြီးတော့ပေ့ါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုတွေးဖူးတာပဲ။ ဒါပေမယ့် အဲ့လိုလက်တုံ့ပြန်တော့မယ်ဆိုတဲ့အခါတိုင်း အဆင့်အတန်း ဆိုတဲ့ စကားလုံးက ကျွန်တော့်ခေါင်းထဲ ၀င်လာတယ်။ 

တကယ်တော့ အဆင့်အတန်းဆိုတာ ဘယ်လောက်ချမ်းသာတယ်၊ ဘာတွေ ၀တ်စားထားတယ် ဆိုတာထက် ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်နေစိတ်ထားတွေကသာ အဓိက ကိုယ်စားပြုတာ ဖြစ်ပါတယ်။ သူပြောသလို ပြန်ပြောလိုက်ရလို့ အားရတာထက် အဲ့ဒီအဆင့်အတန်း ဆုံးရှုံးသွားမှာကို ပိုနှမြောမိပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းတယ်။ ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်မိအောင်နေတယ်။ ဘေးပတ်၀န်းကျင်က တစ်ယောက်ယောက် မြင်လိုက်ရရင်လည်း ကိုယ်ဟာ အထင်သေးစရာ ဖြစ်မနေတော့ဘူးပေါ့။ 

၅။ ပန်းချီကားလို ကျင့်ပါ။

မှန်တစ်ချပ်ဟာ သူ့ရှေ့ကို ရောက်လာတဲ့လူရဲ့ မျက်နှာပေါ် မူတည်ပြီး တူညီတဲ့ ပုံရိပ်ကို ပြန်ထုတ်ပေးပါတယ်။ ပြုံးရင် ပြန်ပြုံးပြတယ်၊ မဲ့ရင်လည်း ပြန်မဲ့ပြတယ်။ သူ့ဘ၀က သူ့ရှေ့ လာရပ်တဲ့သူအပေါ်မှာ မူတည်နေတယ်။ တချို့တွေ ခံယူထားတဲ့ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတာ ဒါမျိုးပေါ့။ ဒါပေမဲ့ သိပ်လှပတဲ့ ပန်းချီကားတစ်ချပ်ကျတော့ ဒီလိုမဟုတ်ဘူး။ သူ့ရှေ့လာပြီး ပြုံးပဲပြပြ၊ မဲ့ပဲပြပြ၊ သူကတော့ လှပတဲ့ ရုပ်ပုံလေးကို အမြဲပြနေမှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့လည်း အဲဒီ ပန်းချီကားလို ခံယူနိုင်ဖို့ လိုတယ်။ သူကောင်းလို့ ကိုယ်ကောင်းတာ၊ သူ မကောင်းလို့ ကိုယ်ကလည်း ပြန်မကောင်းတာတွေက စိတ်ဓါတ်မြင့်မြတ်သူတွေ လုပ်လေ့မရှိပါဘူး။ သူတို့ဟာ သူတို့ပုံစံအတိုင်းပဲ နေပါတယ်။ ကိုယ့်ရှေ့ ဘယ်လိုလာလုပ်ပြနေသလဲ ဆိုတာနဲ့ မဆိုင်ဘူး၊ သူတို့ရဲ့ ကိုယ်ပိုင်မူနဲ့ပဲ ဆိုင်တယ်။ လက်စားချေတယ်၊ တုံ့ပြန်တယ် ဆိုတာမျိုးတွေ သူတို့ဆီမှာမရှိဘူး။ ဒါတွေအတွက်နဲ့လည်း တန်ဖိုးရှိတဲ့ အချိန်တွေကို အလဟဿ အကုန်မခံဘူး။

၆။ သူတို့ကို ပြောင်းလဲမပေးပါနဲ့၊ ကိုယ် မပြောင်းလဲသွားအောင်သာ ထိန်းပါ။

ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ခုရှိတယ်။ မတရားမှုတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံရင်း တိုက်ဖျက်ပေမယ့်လည်း နောက်ဆုံးမှာ မတရားသူတွေကသာ ပန်းပန်သွားတယ်ဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပေါ့။ အဲဒီကားအဆုံးသတ်မှာ ဇာတ်ကောင်တစ်ယောက် ပြောသွားတဲ့ စကားလေး သိပ်လှပါတယ်။ “တကယ်တော့ ကျွန်မတို့ဟာ လောကကြီးကို ပြောင်းလဲနိုင်မလားလို့ ကြိုးစားခဲ့ကြတယ်၊ တကယ်တမ်း ကျွန်မတို့ရုန်းကန်လှုပ်ရှားခဲ့ကြတာဟာ လောကကြီးကို ကျွန်မတို့က ပြောင်းလဲနိုင်ဖို့မဟုတ်ဘဲ လောကကြီးက ကျွန်မတို့ကို မပြောင်းလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်” တဲ့။

ဟုတ်တယ်၊ အရင်ကတော့ အဲ့လိုပဲ၊ လောကကြီးကို ပြောင်းလဲဖို့၊ ကိုယ့်ပတ်၀န်းကျင်က လူတွေကို ပြောင်းလဲဖို့ စိတ်ကူးခဲ့ဖူးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အင်မတန်ခက်ခဲတာကို တွေ့ရတယ်။ တစ်ချိန်လုံး ဆိုးလာခဲ့တဲ့ လူတစ်ယောက်ဟာ နောင်တတွေရပြီး ပြောင်းလဲသွားတယ်ဆိုတာ ဇာတ်ကားတွေထဲလောက်ပဲ ရှိတယ်။ အပြင်မှာကတော့ သူတို့တွေဟာ နောင်တလည်း မရဘူး၊ မှားမှန်းလည်း မသိကြဘူး။ ဒါကြောင့် သူတို့ကို မှားမှန်းသိအောင်၊ နောင်တရအောင် ကြိုးစားနေမယ့်အစား ကိုယ်က သူတို့လို ဖြစ်မသွားအောင်ပဲ ထိန်းသိမ်းတာက ပိုလက်တွေ့ကျပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ

(၈.၁၂.၂၀၁၈ ထုတ် Voice weekly ပါ ဆောင်းပါးအား အနည်းငယ်တည်းဖြတ်ထားပါသည်)

Share:

🍁 မာန ်🍁

🍁 မာန 🍁
 **********

🌱 ကိုယ့်အတွက်
 နေရာမပေးနိုင်တဲ့ သူတွေအနားက 
 ခြေလှမ်းကြဲကြဲလေးနဲ့
 ရဲရဲလေးသာ လှည့်ထွက်လာလိုက်စမ်းပါ ။🌱

🌿တွယ်ကပ် မက်မောမှုမရှိတာ
 ထက်မြတ် သွက်လက်သူတွေရဲ့
 စိတ်နေသဘောထားပဲ... 🌿

🌿 အဲသည့် သဘောထားဟာ
 ကိုယ့်တန်ဖိုးပဲ  ......။🌿

🌱 တန်ဖိုးဆိုတာ တန်ဖိုးသိတဲ့သူပဲ
 တန်ဖိုးထားတတ်တာ ။
 တန်ဖိုးမသိတဲ့သူတွေကြားမှာ
 ကိုယ်ဟာတန်ဖိုးရှိပေမယ့်
 တန်ဖိုးမဲ့ သလိုဖြစ်နေခဲ့ရင်
 အဲသည့် အသိုင်းအဝိုင်းကြားက
 ရဲရဲလေးသာ လှည့်ထွက်လာလိုက်စမ်းပါ ....။🌱

🌿 တစ်ခါတစ်လေ
 ရဲ့ရင့်ပြတ်သားမှုကြောင့်
 အောင်မြင်မှုရမယ်လို့ မပြောနိုင်ပေမယ့်
 ချီတုံ ချတုံဖြစ်နေမှုတွေကြောင့်တော့
 ကိုယ့်ရင်ကို အထပ်ထပ် 
 နာကျင်စေတတ်တယ် .....။🌿

                       ______မောင်ရေချမ်း ( ဧရာမြေ )

crd...

Share:

Tuesday, 26 November 2019

TNLAစစ်ဦးစီးချုပ်၏ဒေသကို တပ်မတော်မှဝင်ရောက်ရှင်းလင်းရာ လက်နက်ကြီ၊လက်နက်ငယ်များစွာ သိမ်းဆည်းနိုင်








TNLAစစ်ဦးစီးချုပ်၏ဒေသကို တပ်မတော်မှဝင်ရောက်ရှင်းလင်းရာ လက်နက်ကြီ၊လက်နက်ငယ်များစွာ သိမ်းဆည်းနိုင်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊နိုဝင်ဘာ-၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မန်တုံဒေသတဝိုက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း အချို့သည် TNLA စစ်ဦးစီးချုပ်အဆင့်ရှိ တားဟိုပ္လါင်၏ ဇာတိဒေသဖြစ်သည့် နမ့်ဆန်မြို့နယ်၊ ဟူးခင် ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာ နှင့် အနီးတဝိုက် နေရာများအား ဟန်ချက်ညီညီ ၀င်ရောက် ရှင်းလင်းခဲ့ရာ TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့ ပစ်ခတ်မှုများ အနည်းငယ်ဖြစ်ပွားခဲ့ပြီး သောင်ကျန်းသူများ ဆုတ်ခွာသွားခဲ့သည်။

၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စ၍ ဟိုမိန်းကျေးရွာနှင့် အနီးတဝိုက်အား ဆက်လက်၍ အသေးစိတ်ရှင်းလင်းခဲ့ရာ နေ့လယ်ပိုင်းတွင် ၎င်းကျေးရွာ၏ အရှေ့တောင်ဘက်၌TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း သိုဝှက်ထားသည့် နေရာ ၃ နေရာအား ရှာဖွေ ဖော်ထုတ် တွေ့ရှိခဲ့ပြီး ၎င်းနေရာ ၃ ခုအနက် ပထမနေရာမှ FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် ၁ လက်၊ လက်ပစ်ဗုံး ၃၇ လုံး၊ TNLA ယူနီဖောင်းမျိုးစုံ ထည့်ထားသည့် အိတ်အကြီး ၇၇ အိတ်တို့အား လည်းကောင်း၊ ဒုတိယနေရာမှ အမ်(၂၂)သေနတ် ၃၉ လက်၊ K-12 သေနတ် ၆၉ လက်၊ အမ်(၁၆)သေနတ် ၉ လက်၊ စက်သေနတ်အလတ်စား ၂၉ လက်၊ အာရ်ပီဂျီ(၇) ၁၆ လက်၊ အာရ်ပီဂျီ(၂) ၅ လက်၊ ၁၂ ဗို့ဆလိုက် ၂ လက်တို့အား လည်းကောင်း၊ တတိယနေရာမှ ၇.၆၂ မီလီမီတာ ကျည် ၄၃၁၆၀ တောင့်၊ ဒသမ ၅ ကျည် ၃၀၀၀ တောင့်၊ အမ်(၂၂) ကျည် ၁၀၅ တောင့်၊ အမ်(၂၂) ကျည်အိမ် ၁၄၀၀ ခု၊ ယမ်းပျော့ ၂၀ ပုံး၊ လက်ပစ်ဗုံး ၈၄၃ လုံး၊ ၆၀မမဗုံးသီး ၉၈ လုံး၊ ၆၀မမထိပ်ဖူး ၉၀ လုံး၊ ၄၀မမဗုံးသီး ၁၄၈ လုံး၊ အားမြှင့်ယမ်းဗူး ၈၈၅ ဗူးတို့အား လည်းကောင်း အသီးသီး သိမ်းဆည်းရရှိခဲ့သည်။

ဟိုမိန်းကျေးရွာအနီး နို၀င်ဘာလ ၂၂ ရက်နေ့၌ ရှာဖွေဖော်ထုတ် သိမ်းဆည်း ရရှိခဲ့သည့် လက်နက်၊ ခဲယမ်းများမှာ K-12 ပခုံးထမ်းလေယာဉ်ပစ်လက်နက် ၁ လက် အပါအ၀င် လက်နက်မျိုးစုံ ၁၇၀ လက်၊ ခဲယမ်းမျိုးစုံ ၈ မျိုး(ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဗူး)နှင့် ယူနီဖောင်းနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်ကြောင်း တွေ့ရှိရသည်။

 သောင်းကျန်းသူများအနေဖြင့် ကျေးရွာများနှင့် လူထုအား အကာအကွယ် ရယူ၍ ၎င်းတို့၏ လက်နက်၊ ခဲယမ်းများကို မထင်မှတ်သည့်နေရာများတွင် သိုဝှက်ခြင်း၊ ကျေးရွာလူထုအား အကာကွယ်ရယူ၍ တပ်မတော် စစ်ကြောင်းများကို တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှ အပစ်အခတ် ရပ်စဲစဉ်ကာလအတွင်း ကျောက်မဲ၊ သီပေါ၊ နမ့်ဆန် ၀န်းကျင်တစ်ဝိုက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူများက စခန်းများ တိုးချဲ့တည်ဆောက်ခဲ့ရာ စုစုပေါင်း ၇၈ ခုရှိခဲ့ပြီး ယခု အခါ တပ်မတော်မှ စခန်းပေါင်း ၄၁ ခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးကြောင်းနှင့် ၎င်းဒေသတဝိုက်အား တပ်မတော်မှ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia

[Unicode]
TNLAစစ်ဦးစီးချုပ်၏ဒေသကို တပ်မတော်မှဝင်ရောက်ရှင်းလင်းရာ လက်နက်ကြီ၊လက်နက်ငယ်များစွာ သိမ်းဆည်းနိုင်
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊နိုဝင်ဘာ-၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မန်တုံဒေသတဝိုက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း အချို့သည် TNLA စစ်ဦးစီးချုပ်အဆင့်ရှိ တားဟိုပ္လါင်၏ ဇာတိဒေသဖြစ်သည့် နမ့်ဆန်မြို့နယ်၊ ဟူးခင် ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာ နှင့် အနီးတဝိုက် နေရာများအား ဟန်ချက်ညီညီ ဝင်ရောက် ရှင်းလင်းခဲ့ရာ TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့ ပစ်ခတ်မှုများ အနည်းငယ်ဖြစ်ပွားခဲ့ပြီး သောင်ကျန်းသူများ ဆုတ်ခွာသွားခဲ့သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စ၍ ဟိုမိန်းကျေးရွာနှင့် အနီးတဝိုက်အား ဆက်လက်၍ အသေးစိတ်ရှင်းလင်းခဲ့ရာ နေ့လယ်ပိုင်းတွင် ၎င်းကျေးရွာ၏ အရှေ့တောင်ဘက်၌TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း သိုဝှက်ထားသည့် နေရာ ၃ နေရာအား ရှာဖွေ ဖော်ထုတ် တွေ့ရှိခဲ့ပြီး ၎င်းနေရာ ၃ ခုအနက် ပထမနေရာမှ FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် ၁ လက်၊ လက်ပစ်ဗုံး ၃၇ လုံး၊ TNLA ယူနီဖောင်းမျိုးစုံ ထည့်ထားသည့် အိတ်အကြီး ၇၇ အိတ်တို့အား လည်းကောင်း၊ ဒုတိယနေရာမှ အမ်(၂၂)သေနတ် ၃၉ လက်၊ K-12 သေနတ် ၆၉ လက်၊ အမ်(၁၆)သေနတ် ၉ လက်၊ စက်သေနတ်အလတ်စား ၂၉ လက်၊ အာရ်ပီဂျီ(၇) ၁၆ လက်၊ အာရ်ပီဂျီ(၂) ၅ လက်၊ ၁၂ ဗို့ဆလိုက် ၂ လက်တို့အား လည်းကောင်း၊ တတိယနေရာမှ ၇.၆၂ မီလီမီတာ ကျည် ၄၃၁၆၀ တောင့်၊ ဒသမ ၅ ကျည် ၃၀၀၀ တောင့်၊ အမ်(၂၂) ကျည် ၁၀၅ တောင့်၊ အမ်(၂၂) ကျည်အိမ် ၁၄၀၀ ခု၊ ယမ်းပျော့ ၂၀ ပုံး၊ လက်ပစ်ဗုံး ၈၄၃ လုံး၊ ၆၀မမဗုံးသီး ၉၈ လုံး၊ ၆၀မမထိပ်ဖူး ၉၀ လုံး၊ ၄၀မမဗုံးသီး ၁၄၈ လုံး၊ အားမြှင့်ယမ်းဗူး ၈၈၅ ဗူးတို့အား လည်းကောင်း အသီးသီး သိမ်းဆည်းရရှိခဲ့သည်။

ဟိုမိန်းကျေးရွာအနီး နိုဝင်ဘာလ ၂၂ ရက်နေ့၌ ရှာဖွေဖော်ထုတ် သိမ်းဆည်း ရရှိခဲ့သည့် လက်နက်၊ ခဲယမ်းများမှာ K-12 ပခုံးထမ်းလေယာဉ်ပစ်လက်နက် ၁ လက် အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ခဲယမ်းမျိုးစုံ ၈ မျိုး(ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဗူး)နှင့် ယူနီဖောင်းနှင့် ဆက်စပ်ပစ္စည်းများ ဖြစ်ကြောင်း တွေ့ရှိရသည်။

 သောင်းကျန်းသူများအနေဖြင့် ကျေးရွာများနှင့် လူထုအား အကာအကွယ် ရယူ၍ ၎င်းတို့၏ လက်နက်၊ ခဲယမ်းများကို မထင်မှတ်သည့်နေရာများတွင် သိုဝှက်ခြင်း၊ ကျေးရွာလူထုအား အကာကွယ်ရယူ၍ တပ်မတော် စစ်ကြောင်းများကို တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှ အပစ်အခတ် ရပ်စဲစဉ်ကာလအတွင်း ကျောက်မဲ၊ သီပေါ၊ နမ့်ဆန် ဝန်းကျင်တစ်ဝိုက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူများက စခန်းများ တိုးချဲ့တည်ဆောက်ခဲ့ရာ စုစုပေါင်း ၇၈ ခုရှိခဲ့ပြီး ယခု အခါ တပ်မတော်မှ စခန်းပေါင်း ၄၁ ခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးကြောင်းနှင့် ၎င်းဒေသတဝိုက်အား တပ်မတော်မှ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia
Share:

မြိတ်မြို့ အင်္ဂမော်ကျေးရွာ ပြည်ထောင်စု ကားလမ်းမပေါ်ရှိ ဆင်ဝင်းလမ်းကွေ့အား လမ်းဖြောင်း ပြုပြင်ပေးမည်



မြိတ်မြို့ အင်္ဂမော်ကျေးရွာ ပြည်ထောင်စု ကားလမ်းမပေါ်ရှိ ဆင်ဝင်းလမ်းကွေ့အား လမ်းဖြောင်း ပြုပြင်ပေးမည်
***********************************
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့
အင်္ဂမော်ကျေးရွာ ပြည်ထောင်စု ကားလမ်းမပေါ်ရှိ ဆင်ဝင်းလမ်းကွေ့တွင် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွားပြည်သူများ  ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိင်ရန်  နိဝင်ဘာလ ၂၅ ရက်နေတွင်မြိတ်မြို့နယ် အုပ်ချုပ်ရေးမူး မြိတ်မြို့နယ် စည်ပင်ကော်မတီဥက္ကဌ နင့်အဖွဲ့ မြိတ်မြို့နယ်လမ်းဦးစီးဌာန မြိတ်မြို့နယ် (မယကက) အဖွဲ့တို့ပူးပေါင်း၍ ၄င်းနေရာ ဆင်ဝင်းလမ်းကွေ့ကြီးကို မြေပြင်ကွင်းဆင်း၍ ယာဉ်အန္တရာယ်ကင်း သတိပေး ဆိုင်းဘုတ်စိုက်ထူးပေး၍ လာမည် ဘဏ္ဍာရေးနစ်မှာ လမ်းအဖြောင့်ဆွဲပြီး  ပြုပြင်နိုင်အောင် ကွင်းဆင်းကြည်ရှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Credit Photo
Share:

Monday, 25 November 2019

မိမိကိုယ်၊ မိမိစိတ် နှင့် နေထိုင်တတ်ခြင်း

မိမိကိုယ်၊ မိမိစိတ် နှင့် နေထိုင်တတ်ခြင်း
•••••••••••••••••••••••••••••••••••••

အခြားသူများရဲ့ ပါးစပ်ဖျားမှာ သင့်ပုံစံ ဘယ်နှစ်မျိုး
ရှိမယ်ဆိုတာကို သင် ဘယ်တော့မှ သိရှိနိုင်မှာ မဟုတ်ပါဘူး။

အခြားသူများရဲ့ ကိုယ်ကျိုးအတွက် သင့်ကို ဘယ်နှစ်ကြိမ်း အပုပ်ချခဲ့တယ်ဆိုတာကိုလည်း သင် သိရှိနိုင်မှာ မ
ဟုတ်ဘူး။

"ချီးမွမ်း(၇)ရက်၊ ကဲ့ရဲ့(၇)ရက် " စကားများကို သင်
တားဆီးနိုင်စွမ်းရှိမည် မဟုတ်ပါ။

သင် လုပ်နိုင်တာကတော့ လုံးဝ လစ်လျူရှူ့လိုက်ပါ။
ရှင်းပြဖို့ မကြိုးစားပါနှင့်၊ သင့်ကို နားလည်တဲ့သူများဟာ
သင့်ကို ယုံကြည်ပြီးသားပါ။

စကားပုံ တစ်ခု ဒီလိုပြောတယ်.. 
"သင်သာ မျက်စိမကန်းဘူးဆိုရင် သူများအပြောထဲက
နေ ကျွန်တော်တို့ကို နားလည်အောင် မကြိုးစားပါနှင့်"
တဲ့။

လူတစ်ဦးရဲ့ အကောင်းဆုံး အနေအထားဟာ လေးစား
တတ်ခြင်းပါ။ သူများ ကိစ္စ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စများကို ဝင်မရှုပ်တတ်ခြင်းပါ။ 

မိမိရဲ့အားသာချက်များကို ထုတ်မကြွားတတ်ခြင်းပါ။
မိမိရဲ့ အချစ်ဘဝကိုလည်း ထုတ်မရှိုးတတ်ခြင်းပါ။
အသက် နည်းနည်းကြီးလာတာနဲ့ အမျှ မြွေစွယ်ကျိုးသ
လို နေထိုင်တတ်လာခြင်းပါ။

တည်ငြိမ်တတ်လာတယ်၊ ပါးစပ်ပိတ်တတ်လာတယ်၊
မိမိကိုယ် မိမိစိတ်နဲ့ နေထိုင်တတ်လာတယ်။

လေးနက်တဲ့ ဘဝထက် 
ရိုးရှင်းတဲ့ ဘဝကို ခင်တွယ်တတ်လာပါတယ်။

မိမိရဲ့ အသက်ရှင်ခြင်းဟာ သူများကျေနပ်နှစ်သက်ဖို့
မဟုတ်သလို သူများ အထင်ကြီးဖို့လည်း မဟုတ်ရပါ။
သင်သာ တကယ်ထူးချွန်လာခဲ့ရင် သင့်ပတ်ဝန်းကျင်
လည်း ပြောင်းလဲလာမှာပါ။

ဒီနေ့ကစပြီး မိမိကိုယ်မိမိ တစ်ခု ကူညီပါ။
သူများအမြင်ရဲ့ ဒဏ်ကို လွတ်မြောက်အောင် နေထိုင်
တတ်ပါ။ 

မိမိအတွက်နဲ့ မိမိ အသက်ရှင်ပါ။
ကိုယ်နှစ်သက်တာကို လုပ်ပါ။
အနီး အနားကလူကို ချစ်ပါ။
ရယ်ချင်ရင် အားရပါးရ ရယ်လိုက်ပါ။
ငိုချင်ရင် ဝမ်းနည်းပက်လက် ငိုချလိုက်ပါ။
မိမိရဲ့ ခံစားချက်ကို လွတ်လပ်ရေး ပေးလိုက်ပါ။
ပေါ့ပေါ့ပါးပါး နေထိုင်တတ်ပါစေ။

#Credit.....
Say Aung Ko Latt


Share:

နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်၌ တပ်မတော် သတင်းစာ ရှင်းလင်းပွဲပြုလုပ်




နေပြည်တော်၊ အောက်တိုဘာ - ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရရှိမှု၊ ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူ များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် တိုင်းစစ်ဌာနချုပ်များအလိုက် မူးယစ်ဆေး ဝါးများဖမ်းဆီးရရှိမှု အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်း သတင်းဌာန ၂၂ ခုမှ သတင်းထောက် ၄၂ ဦး တက်ရောက်ခဲ့ကြသည်။

ဦးစွာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အလိုက် စည်းကမ်းဖောက်ဖျက်မှု အခြေအနေများ၊ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း TNLA အကြမ်း ဖက်သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များနှင့် နမ့်ဆန်မြို့နယ်၊ မန်တုံဒေသ၊ ဟူခင်း ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာအနီးတစ်ဝိုက်မှ TNLA အကြမ်းဖက် သောင်းကျန်းသူများ၏ လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှု၊ AA အကြမ်းဖက် သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲမှု၊ အပြစ်မဲ့အရပ်သားများအား ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်မှုစသည့် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေသည့် အခြေအနေများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Defence & Security 2019 တက်ရောက်ခဲ့သည့် အခြေအနေများနှင့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့ လေ့ကျင့်ခန်း ADMM-Plus (Vip Program) ပိတ်ပွဲသို့ တက်ရောက်ခဲ့မှု၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး၀င်း ထိုင်းနိုင်ငံသို့ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့မှုနှင့် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နို၀င်ဘာ၂၀ ရက်အထိ တိုင်းစစ်ဌာနချုပ်များ အလိုက် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်မှူးကြီး အောင်ခင်သိန်းက စစ်ဘက် တရားစီရင်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအား အသေးစိတ်ရှင်းလင်း ပြောကြားသည်။ ထို့နောက် သတင်းစာ ရှင်းလင်းပွဲတက်ရောက်လာကြသည့် သတင်းဌာနအသီးသီးတို့ကသိရှိလိုသည်များ မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဥပဒေချုပ်ရုံးမှ ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်တို့က ပြန်လည် ရှင်းလင်း ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Share:

Saturday, 23 November 2019

" ပြာယာမခတ်ကြနဲ့"

" ပြာယာမခတ်ကြနဲ့"
        

နွားကလေး…သေတော့…"အမဲသား"တဲ့။
ကြိုက်တဲ့"လူ"များ…မြိန်ရည်ရှက်ရည် စားလိုက်ကြတာ။

ကြက်ကလေး…သေတော့…"ကြက်သား"
ပါးစပ်ထဲထည့်…ပြုံးပျော်လျှက်။

ဝက်ကလေး…သေတော့…"ဝက်သား"
ပါးစပ်ထဲထည့်…ကြည်နှူးလျှက်။

လူကလေး…သေတော့…"မသာ"
အခေါင်းထဲထည့်…ငိုယိုလျှက်
ထားလို့မကောင်းဘူး…ဟဲ့။
အလုပ်ပိုတယ်…အိမ်ရှုပ်တယ်။
သင်္ချီုင်း…အမြန်ပို့ ကွယ့်…။

"အသုဘ"ရှိက…အိမ်ပူတယ်။
"မသာ"အိမ်ပေါ်က…မဆင်းခင်
ဖိတ်စာရိုက်…အသိမိတ်ဆွေ 
လက်လှမ်းမှီသလောက်ပေးလိုက်။
မြန်မြန်ပြီး…မြန်မြန်နားအေးတယ်။
ပုတ်ပွလာမှ…"လူ"တွေ မလာပဲ…နေအုံးမယ်။
အဲဒါမှ…ဒုက္ခပိုများမယ်တဲ့။

ကဲ့…ဘယ်မှာလဲ…
တန်းဖိုးရှိတယ်ဆိုတဲ့…"လူသား"
ပညာတွေ…ငါ ဘယ်လောက်တက်တယ်။
ပိုက်ဆံတွေ…ငါ ဘယ်လောက်ချမ်းသာတယ်။
အာဏာတွေ…ငါ့မှာ ဘယ်လောက်ရှိတယ်။
မာန်တက်နေကြတာတွေ…အာဏာပြနေတာတွေ
နောက်ဆုံးတော့………
ဘာအသုံးဝင်တော့ သေးလဲ……?

ငါ့…အိမ်။ ငါ့…ခြံ။ ငါ့…တိုက်။ ငါ့…လုပ်ငန်း။
ငါ့ဟာ…သခင်။ ငါ့ဟာ…ဘုရင်ဘဲ ဆိုတဲ့
"လူသား"………အခုတော့
ယူသွားဖို့…နေနေ သာသာ
အိမ်ပူ…အလုပ်ရှုပ်
ကျက်သရေ…မရှိတော့တဲ့
အသုဘ(မသာ)ဆိုပြီး
သမုတ်ခံရတာအလွဲလို့…ဘာတွေများ
တန်ဖိုးရှိသေးလို့လဲ…?

နောက်ဆုံးတော့လဲ…
အုပ်ဂူလေးတောင်…ထားလို့မရတဲ့ခေတ်မှာ
ခဏတာ မြင်တွေ့ရတဲ့…
ခေါင်းတိုင်းအပေါ်က…မီးခိုးပျောက်ကွယ်တာနဲ့
ဘာမှသုံးစားလို့မရတဲ့"ပြာပုံ"ဖြစ်သွားရော့…
တန်းဖိုးရှိပါတယ်ဆိုတဲ့…"လူသား"
ဘဝနိဂုံးချုပ်ရတာက"ပြာပုံ"လေးဘဲ
မဟုတ်လား…?

ကဲ့……အနောက်ဆုံး"ပြာ"ဖြစ်မဲ့အတူတူ
ဘာလို့…"ပြာယာခတ်"နေကြ အုံးမှာလဲ…။

#Credit  

မူရင်းရေးသားသူအားလေးစားစွာဖြင့် 


@mgwontha

Share:

Friday, 22 November 2019

ပျော်ရွှင်တဲ့ဘဝလေးရယူချင်လား။ ဒါလေး ဖတ်ကြည့်ပါ။


ပျော်ရွှင်တဲ့ဘဝလေးရယူချင်လား။ ဒါလေး ဖတ်ကြည့်ပါ။

၁။ အတိတ်နဲ့ငြိမ်းချမ်းရေးယူထားပါ။ ဒါဆို အတိတ်က သင့်လက်ရှိအချိန်ကို မနှောင့်ယှက်တော့ပါဘူး။

၂။ သူများတွေ သင့်အကြောင်း ဘာတွေးနေတယ်ဆိုတာ သင့်အလုပ်မဟုတ်ပါဘူး။

၃။ အချိန်က အရာရာကို ကုစားပေးနိုင်တာကြောင့် အချိန်ပေးဖို့ မမေ့သင့်ပါဘူး။

၄။ သင့်ပျော်ရွှင်မှုရဲ့အကြောင်းတရားတွေဆိုတာ တခြားသူအပေါ်မှာ မူတည်မနေပါဘူး။

၅။ သင့်ကိုယ်သင် အရှိအတိုင်းလက်ခံပါ။ တခြားသူနဲ့ မနှိုင်းယှဉ်သင့်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ အများကြီးစဉ်းစားတာကို ရပ်ပါ။ အဖြေအားလုံးကို သင်သိနေစရာမလိုပါဘူး။

၇။ ပြုံးပါ။ ကမ္ဘာပေါ်က ပြဿနာအားလုံးကို သင်ပိုင်ဆိုင်ထားတာမဟုတ်ပါဘူး။

ပျော်ရွှင်စရာလေးတွေမျှဝေဖို့ သင်ချစ်တဲ့သူတွေကို mention ခေါ်ပေးလိုက်ပါဦး။

(Unicode Version)

ပျော်ရွှင်တဲ့ဘဝလေးရယူချင်လား။ ဒါလေး ဖတ်ကြည့်ပါ။

၁။ အတိတ်နဲ့ငြိမ်းချမ်းရေးယူထားပါ။ ဒါဆို အတိတ်က သင့်လက်ရှိအချိန်ကို မနှောင့်ယှက်တော့ပါဘူး။

၂။ သူများတွေ သင့်အကြောင်း ဘာတွေးနေတယ်ဆိုတာ သင့်အလုပ်မဟုတ်ပါဘူး။

၃။ အချိန်က အရာရာကို ကုစားပေးနိုင်တာကြောင့် အချိန်ပေးဖို့ မမေ့သင့်ပါဘူး။

၄။ သင့်ပျော်ရွှင်မှုရဲ့အကြောင်းတရားတွေဆိုတာ တခြားသူအပေါ်မှာ မူတည်မနေပါဘူး။

၅။ သင့်ကိုယ်သင် အရှိအတိုင်းလက်ခံပါ။ တခြားသူနဲ့ မနှိုင်းယှဉ်သင့်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ အများကြီးစဉ်းစားတာကို ရပ်ပါ။ အဖြေအားလုံးကို သင်သိနေစရာမလိုပါဘူး။

၇။ ပြုံးပါ။ ကမ္ဘာပေါ်က ပြဿနာအားလုံးကို သင်ပိုင်ဆိုင်ထားတာမဟုတ်ပါဘူး။

ပျော်ရွှင်စရာလေးတွေမျှဝေဖို့ သင်ချစ်တဲ့သူတွေကို mention ခေါ်ပေးလိုက်ပါဦး။

Credit. To. GandaWinMagazine

Share:

Thursday, 21 November 2019

ခေါင်းဆောင်ကောင်းဖြစ်ဖို့ ပြင်ဆင်သင့်တဲ့ အချက်(၁၅)ခု


လုပ်ငန်းတစ်ခုရဲ့ အလုပ်ရှင် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့် ၀န်ထမ်းတွေ၊ အဖွဲ့၀င်တွေအားလုံးက ရွံ့ကြောက်ပြီး မလေးစား၊ မယုံကြည်ကြတဲ့ လူမျိုးတွေရှိပါတယ်။ သင်လည်း ဒီလိုလူမျိုးဖြစ်နေခဲ့မယ်ဆိုရင် ဘယ်လိုပြောင်းလဲနိုင်မလဲ။ ပထမဆုံးလိုအပ်ချက်က
ဒီလိုလူတိုင်းက ရွံ့ကြောက်ကြတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာ သိထားပြီး ပြင်ဆင်နိုင်ဖို့ပဲဖြစ်ပါတယ်။

၁။ ပွင့်လင်းမြင်သာမှု မရှိခြင်း

ပွင့်လင်းမြင်သာမှုမရှိရင် ၀န်ထမ်းတွေက သူတို့အပေါ်ကို အလုံးစုံရိုးသားမှု မရှိဘူးလို့ မြင်လာကြပါလိမ့်မယ်။ သင့်ရဲ့အဖွဲ့အစည်းကို ပွင့်လင်းမြင်သာမှုမရှိတာက မဖြစ်သင့်ပါဘူး။ ပွင့်လင်းမြင်သာမှုရှိမှသာ လုပ်ငန်းရဲ့ အခြေအနေကို အားလုံးကနားလည်ထားပြီး ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေကို စည်းစည်းလုံးလုံးအဖြေရှာနိုင်မှာ ဖြစ်တဲ့အတွက် ရေရှည်အကျိုးရှိမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိရင် ယုံကြည်မှုလည်း ကင်းမဲ့လာတတ်ပါတယ်။

၂။ နားမထောင်တတ်ခြင်း

၀န်ထမ်းတွေဆီက စကားတွေကို တတ်နိုင်သမျှနားထောင်တာက သစ္စာရှိပြီး ယုံကြည်မှုရှိတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ လူတိုင်းဟာ လုပ်ငန်းရဲ့ အစိတ်အပိုင်းဖြစ်နေဖို့ လိုအပ်ပါတယ်။ ၀န်ထမ်းတွေနဲ့ အပြန်အလှန်ပြောဆိုပြီး သူတို့စကားကို နားထောင်ဖို့ကို ခေါင်းဆောင်အများစုက မေ့နေတတ်ကြပါတယ်။ မဖြစ်သင့်တဲ့ အရေးကြီးကိစ္စတစ်ခုပါ။

၃။ အခြားသူတွေရဲ့ စိတ်ကူးကို လက်မခံခြင်း

ဒီအချက်က တကယ်ကို ဆိုးရွားလွန်းတဲ့အချက် ဖြစ်ပါတယ်။ စိတ်ကူးကောင်းတွေကို နားလည်လက်ခံပြီး တိုးတက်ကောင်းမွန်လာအောင်၊ တိုက်တွန်းအားပေးတတ်ဖို့က တကယ်ကို အရေးကြီးပါတယ်။

၄။ ဖြစ်နိုင်ချေထက် အတွေ့အကြုံကို တန်ဖိုးထားခြင်း

လုပ်ငန်းတစ်ခုရဲ့ ခေါင်းဆောင်တွေက ဖြစ်နိုင်ချေအလားအလာထက် အတွေ့အကြုံကိုပဲ တန်ဖိုးထားနေလို့ မဖြစ်ပါဘူး။ အတော်ဆုံးဆိုတဲ့ ၀န်ထမ်းအများစုမှာ အတွေ့အကြုံတွေ အများကြီးမရှိတာမျိုး ဖြစ်နိုင်ပါတယ်။ အလားအလာရှိတဲ့၀န်ထမ်းတွေမှာ အကောင်းဆုံးအရည်အချင်းတွေကို ထုတ်ပြချင်တဲ့ စိတ်ဆန္ဒတွေရှိနေပြီးသားဖြစ်ပါတယ်။ ဒီအချက်က သင်ပေးလို့လည်းမရတဲ့ ပင်ကိုယ်ခံယူချက်ဖြစ်ပါတယ်။

၅။ အတ္တကြီးခြင်း

ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ လုပ်ငန်းတစ်ခုခုချွတ်ချော်မှားယွင်းသွားခဲ့ရင် ကိုယ့်အမှားလို့ ခံယူပြီး အောင်မြင်ဖြစ်ထွန်းလာခဲ့ရင် နောက်လိုက်အဖွဲ့အစည်းကို ကျေးဇူးတင်တတ်သူ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် သင့်ရဲ့အတ္တကို ဘေးချိတ်ထားပြီး သင့်ကိုဒီနေရာကို ရောက်အောင် ပံ့ပိုးပေးနေတဲ့လူတွေရဲ့ကျေးဇူးကို သိတတ်ပါစေ။

၆။ အချိန်ပြည့်အလုပ်လုပ်ခြင်း

လုပ်ငန်းတစ်ခုကို လည်ပတ်နေအောင် လုပ်ဆောင်ရတာက အလုပ်များပြီး ကြိုးစားရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အနားယူချိန်ထားပြီး အခြားစိတ်၀င်စားစရာတွေကို ရှာဖွေဖို့လည်း အချိန်ပေးသင့်ပါတယ်။ ဒါမှသာ သင့်ရဲ့နောက်လိုက်အဖွဲ့အစည်း၊ ၀န်ထမ်းတွေရဲ့ စံနမူနာကောင်းဖြစ်မှာပါ။ ဒီလိုမဟုတ်ရင်တော့ သူတို့လည်း နှစ်ဆယ့်လေးနာရီလုံး အလုပ်လုပ်နေဖို့ လိုတယ်လို့ထင်ပြီး အားလုံးစိတ်ပျက်လက်ပျက်ဖြစ်ကုန်ပါလိမ့်မယ်။

၇။ စာနာစိတ်ကင်းမဲ့ခြင်း

ခေါင်းဆောင်တွေဟာ နောက်လိုက်၀န်ထမ်းတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ၊ အခက်အခဲတွေကို နားလည်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ၀န်ထမ်းတွေ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့အတွက် ကြုံတွေ့နေရတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ ဒီလိုအတားအဆီးတွေထဲမှာ လိုအပ်တဲ့အထောက်အပံ့ မပေးတာ၊ လမ်းညွှန်မှုမရှိတာနဲ့ အဖွဲ့အစည်းစိတ်မရှိတာတွေလည်း ပါ၀င်ပါတယ်။

၈။ ခေါင်းဆောင်မွေးဖို့ မေ့လျော့ခြင်း

၀န်ထမ်းတွေကို လိုအပ်တဲ့ပညာတွေသင်ကြားပေးပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဖန်တီးပေးဖို့က မဖြစ်မနေလုပ်ရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှသာ ၀န်ထမ်းတွေရဲ့အလုပ်ကို တန်ဖိုးထားမှု မြင့်တက်လာပြီး ပိုအရည်အချင်းရှိ အောင်မြင်ချင်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါ။ သင့်၀န်ထမ်းတွေကို တိုးတက်လာအောင် မလုပ်ပေးဘူးဆိုရင် ဘယ်လိုဖြစ်လာမလဲ တွေးကြည့်ပါ။

၉။ အလွန်အကျွံရှေးရိုးစွဲခြင်း

အခုခေတ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့အဖွဲ့အစည်း၊ စားသုံးသူနဲ့ သူတို့ကိုယ်တိုင်ဆီက သူတို့လိုချင်တဲ့ ရလဒ်တွေ ရရှိလာဖို့ အပြည့်အ၀စိတ်ထည့်လုပ်ဆောင်ဖို့ လိုပါတယ်။ ရှေးရိုးစွဲမူဝါဒတွေကို ရှင်းထုတ်လိုက်ပါ။ တစ်ခါတစ်လေမှာ လုပ်ရိုးလုပ်စဉ်နည်းလမ်းအတိုင်း ရှေးရိုးစွဲပြီး မစွန့်စားရဲတာက အခွင့်အရေးကို လက်လွှတ်လိုက်ရပါလိမ့်မယ်။

၁၀။ အတင်းအဖျင်းစကားတွေကို လက်ခံခြင်း

အတင်းအဖျင်းစကားတွေကို ပျံ့နှံ့စေခြင်းက ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ ဒါ့အပြင် ဘာပြောပြော နောက်ကွယ်မှာ စကားတွေပျံ့မှာကိုလည်း အားလုံးက စိုးရိမ်နေကြရပါလိမ့်မယ်။ အတင်းအဖျင်းပြောတတ်တဲ့ခေါင်းဆောင် ဒါမှမဟုတ် အတင်းအဖျင်းတွေကို မရှင်းလင်းတဲ့ခေါင်းဆောင်ဟာ လုပ်ငန်းရဲ့ ကျင့်၀တ်သိက္ခာကို ထိခိုက်စေပါတယ်။

၁၁။ အသိပေးဆက်သွယ်မှုစနစ် မကောင်းခြင်း

ခေါင်းဆောင်တွေဟာ လုပ်ငန်းနဲ့ပတ်သက်တဲ့ စိတ်ကူးအကြံဉာဏ်တွေ ထုတ်ပြီးလုပ်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် ၀န်ထမ်းတွေကို အသိမပေးဘူး၊ မဝေမျှဘူးဆိုရင် နှစ်ဖက်စလုံးအတွက် စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ လုပ်ဆောင်ရမယ့် စိတ်ကူးနဲ့ အစီအစဉ်တွေကို ချရေးထားပြီး နောက်လိုက်၀န်ထမ်းတွေ အားလုံးနားလည်နိုင်အောင် အသိပေးထားဖို့ လိုပါတယ်။

၁၂။ တဖက်ပိတ်စိတ်ဓာတ်ရှိခြင်း

ခေါင်းဆောင်တွေဟာ ဝေဖန်အကြံပြုသံတွေ၊ စိတ်ကူးအကြံဉာဏ်တွေကို လက်ခံနိုင်တဲ့ စိတ်ဓာတ်ရှိဖို့ အရေးကြီးပါတယ်။ တစ်ဖက်ပိတ်စိတ်ဓာတ်နဲ့ အမြင်ပြောင်းဖို့ စိတ်ကူးမရှိဘူးဆိုရင် ၀န်ထမ်းတွေအတွက်ရော လုပ်ငန်းအတွက်ပါ အဆင်ပြေမှာမဟုတ်ပါဘူး။

၁၃။ အပြစ်လွှဲချခြင်း

သင့်အဖွဲ့အစည်းရဲ့ ကျရှုံးမှု၊ အောင်မြင်မှုအားလုံးက သင့်တာ၀န်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့တာပြီးဆုံးသွားရင် တာ၀န်အားလုံးကို ယူရမှာက ခေါင်းဆောင်လုပ်သူပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆင်မပြေဖြစ်ရတဲ့ကိစ္စတွေအတွက် အပြစ်တင်မနေပဲ ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါ။

၁၄။ မတည်ငြိမ်ခြင်း

ခေါင်းဆောင်တွေအနေနဲ့ အပြောင်းအလဲများလို့ မဖြစ်ပါဘူး။ ခေါင်းဆောင်တစ်ယောက်က ခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်နေမယ်ဆိုရင် နောက်လိုက်၀န်ထမ်းတွေကြားမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ လုပ်မယ်လို့ဆုံးဖြတ်ထားတာတွေကို ဘယ်လိုအခြေအနေရှိရှိလုပ်ဆောင်တာက အဖွဲ့အစည်းအတွင်း ယုံကြည်မှုကို တည်ဆောက်ပြီးသား ဖြစ်စေပါတယ်။

၁၅။ အလိုက်သင့်ပြောင်းလဲဖို့ နှေးကွေးခြင်း

လိုအပ်တဲ့ အသိပညာဗဟုသုတမရှိပဲ၊ အလိုက်သင့်မပြောင်းလဲနိုင်တဲ့ ခေါင်းဆောင်တွေဟာ ဆုံးဖြတ်ချက်တွေ မပြတ်မသားဖြစ်ပြီး စိုးရိမ်ပူပန်မှုတွေ များလာတတ်ပါတယ်။ ဒီလိုခေါင်းဆောင်မျိုးတွေကို ၀န်ထမ်းတွေက ယုံကြည်မှုမရှိဖြစ်သွားတတ်ပါတယ်။

Credit gentleman
Share:

တင်ခဲ့သမျှခေါင်းစဉ်များ

Followers

မန်ဘာဝင်ပြီးအားပေးပါ။

Popular Posts