Wednesday, 27 November 2019
Home »
နေ့စဥ်သတင်း
» ထားဝယ်အမျိုးသားနေ့ အခမ်းအနားစည်းကားသိုက်မြိုက်စွာကျင်းပ
ထားဝယ်အမျိုးသားနေ့ အခမ်းအနားစည်းကားသိုက်မြိုက်စွာကျင်းပ
ထားဝယ်အမျိုးသားနေ့ အခမ်းအနားစည်းကားသိုက်မြိုက်စွာကျင်းပ
ထားဝယ် နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်အမျိုးသားနေ့အခမ်းအနားကိုနိုဝင်ဘာလ ၂၇ရက်နေနံနက်၆း၃၀ နာရီ က ထားဝယ်မြို့.တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေးမှုပြတိုက်၌စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ရှေးဦးစွာမေဃ၀တီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊နှင့်တာဝန်ရှိသူများကထားဝယ်အမျိုးသားနေ့မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးတက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့်ထားဝယ်အမျိုးသားအလံတို့အားအလေးပြုကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သြဝါဒစရိယ၊ အဂ္ဂမဟာမဏ္ဍိတ ဆရာတော် ဘဒ္ဒသူရိယက သြဝါဒကထာမြွက် ကြားပြီးပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်ကနှုတ်ခွန်းဆက်စကားပြောကြား၍ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)ဦးစီးနာယက ဦးတင်မြ(ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)ကထားဝယ်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းအားရှင်းလင်းပြောကြားသည်။
ထိုနောက်ပြည်ထောင်စုလွှတ်တော်နာယက၊ပြည်သူ့လွှတ်တော်နာယကဦးတီခွန်မြတ်ထံမှပေးပို့လာသောသဝဏ်လွှာအားတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ကလည်းကောင်း၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှပေးပို့လာသောသဝဏ်လွှာအား ထားဝယ်လူမျိုး စုစည်းမှုကော်မတီ(ဗဟို)ဦးစီးနာယကဦးတင်မြ က လည်းကောင်း ၊ထားဝယ်အသင်း(မန္တလေး)မှပေးပို့သောသဝဏ်လွှာအားအတွင်းရေးမှူး ဦးစန်းမြင့် က လည်းကောင်း၊ ထားဝယ်လူမျိုးတိုးတက်ရေးအသင်း(ထိုင်းနိုင်ငံ)မှ ပေးပို့လာသော သဝဏ်လွှာအား အရှင်ကုဝေရ က လည်းကောင်းအသီးသီးဖတ်ကြားကြသည်။
ဆက်လက်၍ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)တာဝန်ခံဦးအောင်မျိုးကထားဝယ်လူမျိုးများအမျိုးသားရေးစိတ်ဓာတ်နိုးကြားလာစေရန် ၊ ထားဝယ်လူမျိုးများ ပိုမိုစုစည်းမိလာစေရန်နှင့်စုစည်းရရှိလာသောအင်အားစုဖြင့်မိမိထားဝယ်တိုင်းရင်းသားအရေးနှင့်ပက်သက်သောကိစ္စများကိုစုစည်းညီညွတ်စွာလုပ်ဆောင်နိုင်ရန်၊ပုဂ္ဂိုလ်အရေး၊လူတန်းစားအရေး၊ဘာသာရေး၊နိုင်ငံရေးနှင့်စီးပွားရေးအလျင်းမပြုဘဲထားဝယ်အမျိုးသားနေ့ကို ထားဝယ်အမျိုးသားရေးစိတ်ဓာတ်၊ထားဝယ်လူမျိုးများအချင်းချင်းရိုင်းပင်းကူညီလိုသောစိတ်ဓာတ်များ မြင့်မားလာစေရန်၊ ထားဝယ် တိုင်းရင်းသားအရေးကဏ္ဍများကို မြှင့်တင်လိုသည့်စိတ်ဓာတ်များစေရန်စသည်တို့ဖြင့်အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။
၄င်းနောက် ညှိနှိုင်းရေးမှူး ဦးတင့်လွင်ကထားဝယ်လူမျိုးဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး ဆရာတော် ဘဒ္ဒန္တဣန္ဒဉာဏကထားဝယ်အမျိုးသားနေ့အခမ်းအနားကျင်းပနိုင်သည့်အတွက်ဝမ်းမြောက်ကြောင်းမြွက်ကြားကာပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်ကအလှူငွေ(၁၀)သိန်းကျပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလုကာကအလှူငွေ(၂၀)သိန်းကျပ်ပေးအပ်ခဲ့ရာ ဦးစီးနာယက ဦးတင်မြ က လက်ခံယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထိုနောက်ပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်နှင့်တာဝန်ရှိသူများ ကပြတိုက်အတွင်းခင်းကျင်းပြသထားသောထားဝယ်လူမျိုးပြကွက် အားလှည့်လည်ကြည့်ရှုခဲ့ကြပြီးတက်ရောက်လာကြသူများ အား ထားဝယ်ရိုးရာယဉ်ကျေးမှုအကဖွဲ့များကရိုးရာယဉ်ကျေးမှုအကများဖြင့်ဧည့်ခံကြသည်။
အခမ်းအနားသို့နိုင်ငံတော်သြဝါဒစရိယ၊အဂ္ဂမဟာမဏ္ဍိတ ဆရာတော် ဘဒ္ဒန္တသူရိယ(ဇေယျဝတီကျောင်း တိုက် ၊ပင့်သံဃာ(၅၀)ပါး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)ဦးစီးနာယကဦးတင်မြ(ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)၊ ထားဝယ် စာပေ နှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ဦးအောင်သန်းဦး၊ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ (ဗဟို)တာဝန်ခံ ဦးအောင်မျိုးနှင့်ဗဟိုကော်မတီဝင်များ၊ထားဝယ်အသင်း(မန္တလေး)အတွင်းရေးမှူးဦးစန်းမြင့်၊(ပါမောက္ခ-ငြိမ်း)၊ ထားဝယ် ရိုးရာယဉ်ကျေးမှုအကအဖွဲ့ခေါင်ဆောင်ဦးကိုကိုကြီး၊နှင့်အဖွဲ့၊ ဖိတ်ကြားထားသူများ ဒေသခံ ပြည်သူများတက်ရောက်ခဲ့ကြသည်။
ယနေ့ထားဝယ်အမျိုးသားနေ့တွင် ထားဝယ်ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပခြင်းနှင့်ထားဝယ်ရိုးရာအားကစားနည်းပြိုင်ပွဲကျင်းပခြင်းများဆောင်ရွက်ခဲ့ကြပြီးထားဝယ်အမျိုးသားနေ့အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ်မီးပုံးပျံအကြီး(၁)လုံးလွှတ်တင်ခဲ့ကြောင်းသရှိရသည်။
တင်ခဲ့သမျှခေါင်းစဉ်များ
သတင်းစာ
(6)
0 comments:
Post a Comment