သုခအောင် စာအုပ်စင်သို့ လာရောက်လည်ပတ်ကြသော စာပေချစ်ပရိတ်သတ်အားလုံး မင်္ဂလာပါ။ လာရောက်လည်ပတ်သည့်အတွက်ကျေးဇူးတင်ပါတယ်။ ဤဘလော့မှပေ့အားလုံးကို လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါသည်။ လိုအပ်သည်များကိုလည်း 09-400700358/09-760136274 ကိုဖုန်းဆက်အကြံပေးနိုင်ပါသည်။

Sunday, 10 November 2019

တောဆင်ရိုင်း(၁)ကောင် သေဆုံးပြီး ဆင်သားရေ ခွါယူမှု ဖြစ်ပွားခြင်း။

၂၀၁၉ ခုနှစ်၊အောက်တိုဘာလ(၃၁)ရက်နေ့။

တောဆင်ရိုင်း(၁)ကောင် သေဆုံးပြီး ဆင်သားရေ ခွါယူမှု ဖြစ်ပွားခြင်း။

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၊ပြည်ကြီးမဏ္ဍိုင်မြို့၊ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ဝါးဒင်းကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊အောက်တိုဘာ လ(၃၁)ရက်နေ့ (၁ဝး၀၀)နာရီ အခိျန်ခန့်၌  တောဆင်ရိုင်းတစ်ကောင် သေဆုံးနေကြောင်း သတင်းအရ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာ မှ တောအုပ်ကြီး ဦးတင်မောင်လတ် ပါ(၆)ဦး၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နေဇင်လင်း၊သတင်းတပ်ဖွဲ့ မှ တပ်ကြပ်ကြီး မြင့်ဇော်ဦး၊စရဖ(ကရခ)တပ်ကြပ်  မိုးမင်းဦး၊လက်ထောက်တိရိစ္ဆာန်ကျန်းမာရေးမှူး ဦးနိုင်လင်း၊ဝါးဒင်းကျေးရွာ တာဝန်ခံ ဦးသားကြီး တို့သည် ဝါးဒင်းကျေးရွာ၊ဝါးဒင်းချောင်းဖျားနေရာ ၌ (၁၃း၀၀)နာရီ အချိန်ခန့်တွင် အမြင့်(၁၀)ပေ၊အလျား(၁၁)ပေ၊လုံးပတ်(၁၈)ပေ၊နှာမောင်း(၆)ပေ၊အမြီး(၃)ပေ၊ယာဘက်နား ရွက်ပြတ်နေသော တောဆင်ရိုင်း(၁)ကောင် သေဆုံးနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှု့စစ်ဆေးရာ ဝါးဒင်းကျေးရွာ၊ယုဇနဆီအုန်းကုမ္ပဏီစက်ရုံ အနောက်ဘက်(၅)မိုင်ခန့်အကွာ ဝါးဒင်းချောင်းအနောက်ဘက် ပေ(၈၀)တံတားအနီး ခမ-မပည MN-847631 တွင် ဝဲဘက်ခြမ်းသို့ စောင်းလျှက် ဦးခေါင်း အ နောက်မြောက်ဘက်သို့ ထိုးလျှက် ဆင်သားရေ (၃ပုံ-၂ပုံ) ခန့် ခွါယူသွားပြီး အဆိပ်လူးမြှား ဒဏ်ရာဟု ယူဆရသော ဒဏ်ရာ(၄)ချက်ဖြင့် သေဆုံးနေသဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့(နယ်မြေ)ရဲစခန်း သို့ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးတင်မောင်လတ် မှ အမှုဖွင့် အရေးယူပေးရန် လာရောက်တိုင်တန်းခဲ့သဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့(နယ်မြေ)ရဲစခန်း စခန်းမှူး ရဲအုပ် မိုးကျော်အောင် မှ ပကမ (နမစ) ၏ (ပ) ၂၂/၂၀၁၉၊ဇီဝမျိုးစုံမိျုးကွဲနှင့်သဘာဝထိန်းသိမ်း‌ေရးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄၁(က)အရ အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။




Credit Zawcentoo
Share:

0 comments:

Post a Comment

တင်ခဲ့သမျှခေါင်းစဉ်များ

Followers

မန်ဘာဝင်ပြီးအားပေးပါ။

Popular Posts