• =
  • MP3 တရားတော်
    • Dvd
    • Games
    • Software
      • Office
  • MP3တေးသီချင်းများ
    • Child Category 1
      • Sub Child Category 1
      • Sub Child Category 2
      • Sub Child Category 3
    • Child Category 2
    • Child Category 3
    • Child Category 4
  • DVD တရားတော်များ
  • VCD တရားတော်များ
  • VCD မြန်မာဇာတ်ကား
  • VCD နိုင်ငံခြားကား
  • DVD မြန်မာဇာတ်ကားများ
    • Childcare
    • Doctors
မောတောင် သတင်းမီဒီယာ
  • ပင်မစာမျက်နှာ
  • ဓမ္မစကူးလ်စာပေ
    • နည်းပညာစာပေ
    • ၀တ္ထုစာပေ
    • ပုံပြင်စာအုပ်များ
  • မဂ္ဂဇင်းစာအုပ်များ
    • အတွေးစာပေ
    • ဆောင်းပါးစာပေ
    • နိုင်ငံရေး
  • ယဉ်ကျေးမှုစာပေ
    • ဟင်းချက်နည်း
    • အင်္ဂလိပ်စာပေ
    • သမိုင်းစာပေ
  • မိုဘိုင်းဖုန်းဆော့ဝဲ
    • သုတစာပေ
    • ကြော်ငြာ
    • နိုင်ငံရေးစာပေ
  • ကျမ်းမာရေးစာပေ
  • စာရေးဆရာကြီးများ
    • စိုက်ပျိုးရေးစာပေ
    • နည်းပညာစာပေ
  • စာပေဟောပြောပွဲ
  • သတင်းစာ
  • ဂျာနယ်အစုံ
သုခအောင် စာအုပ်စင်သို့ လာရောက်လည်ပတ်ကြသော စာပေချစ်ပရိတ်သတ်အားလုံး မင်္ဂလာပါ။ လာရောက်လည်ပတ်သည့်အတွက်ကျေးဇူးတင်ပါတယ်။ ဤဘလော့မှပေ့အားလုံးကို လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါသည်။ လိုအပ်သည်များကိုလည်း 09-400700358/09-760136274 ကိုဖုန်းဆက်အကြံပေးနိုင်ပါသည်။
Wednesday, 20 November 2019
Home » ဆောင်းပါး » နောင်မှတတဲ့နောင်တ
နောင်မှတတဲ့နောင်တ
November 20, 2019 No comments
YANGONLIFE
Search fo
အချိန်ဆိုတာ စောင့်ရသူအဖို့ အရမ်းကြာလွန်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ ချစ်သူနဲ့ဆုံဖို့ စောင့်ရသူဖို့ အချိန်ဟာ ပိုလို့အကြာဆုံးပါ။ ရှင်သန်ခွင့်ရနေတုန်းမှာ ကိုယ့်ရဲ့ချစ်သူနဲ့ ချစ်ခွင့်၊ဆုံခွင့်၊လက်ထပ်ခွင့်ရတယ်ဆိုတာ ဘဝမှာ ကံကောင်းခြင်းလက်ဆောင်တစ်ခုပါ။ လူတိုင်း ကံကောင်းခြင်းလက်ဆောင်ကို မျှော်လင့်ပါတယ်။ ဒါပေမယ့် လူတိုင်းကံကောင်းခြင်းလက်ဆောင်ကိုရတယ်လို့ထင်ပါသလား။ ကိုယ့်ရဲ့လွဲမှားတဲ့ အယူအဆ၊ အတွေးတွေ၊လုပ်ဆောင်ချက်တွေက ကိုယ့်ဘဝမှာ တန်ဖိုးအရှိဆုံးလက်ဆောင်ကို ဖျက်ဆီးပစ်လိုက်ပြီဆိုတာ နှောင်းမှသိပြီး နှောင်းနောင်တတွေနဲ့အဆုံးသတ်ကြရတဲ့အခါမှာ….။
ရောဘတ်က ထူးဆန်းတဲ့လူတစ်ယောက်လို့ဆိုရမလား။  စိတ်ကူးယဉ်ဆန်တဲ့ အတွေးတွေရှိပြီး ဘဝမှာ အချစ်စစ်ဆိုတာကြီးကို ရှာဖွေချင်နေသူဖြစ်တယ်။ တစ်နေ့ သူ့အတွက် အချစ်စစ်ဆိုတာ ပေါ်ကိုပေါ်လာစေရမယ်ဆိုပြီး ကြိမ်းဝါးနေကာ အချစ်စစ်ကို တောင့်တနေသူဖြစ်တယ်။ ဒါပေမယ့် အချိန်တွေသာ ကုန်သွားတယ်။ မောင်လွင်ရှေ့ကို ဘယ်အချစ်စစ်မှ ရောက်မလာခဲ့ပါဘူး။
ရောဘတ်မှာ သူ့ကို အရမ်းချစ်တဲ့ ရည်းစားဟောင်း နယ်လီဆိုတာ ရှိတယ်။ နယ်လီအတွက် ရောဘတ်ဟာ အချစ်ရဆုံးသူတစ်ယောက်အဖြစ် သူမရင်ထဲမှာ ထာဝရကိန်းအောင်းနေသူ။ ခရစ္စမတ်တိုင်း နယ်လီဟာ ရောဘတ်ဆီကို ပြန်လာပြီး သူမတို့ရဲ့ အချစ်ဇာတ်လမ်းကို ပြန်စကြဖို့ တောင်းဆိုလေ့ရှိပါတယ်။
ဒါပေမယ့် ရောဘတ်ဟာ နယ်လီကို လက်မခံဘဲ သူမဟာ သူ့အတွက် သူတောင့်တနေတဲ့ အချစ်စစ်ကောင်မလေးမဟုတ်ဘူးဆိုပြီး ငြင်းပယ်နေခဲ့တယ်။ ဒီအတွက် သူမ ပြန်လာတိုင်း သူ့မှာ ရည်းစားရှိကြောင်း သူငယ်ချင်းကောင်မလေးတစ်ယောက်ကို အကူအညီတောင်းပြီး တွဲပြလေ့ရှိတယ်။
နယ်လီဟာ ရောဘတ်ကို ကောင်မလေးတွေနဲ့တွေ့တိုင်း ကျိတ်ပြီး ငိုကြွေးနေခဲ့ပေမယ့် ရောဘတ်အပေါ် အချစ်မပြယ်ခဲ့ပါဘူး။ နှစ်တိုင်း ခရစ္စမတ်တိုင်းကို ရောဘတ်ဆီကိုရောက်အောင်လာပြီး သူမတို့ရဲ့အချစ်ကို ပြန်လည်စတင်ဖို့ တောင်းဆိုမြဲ တောင်းဆိုနေခဲ့ပါတယ်။
ရောဘတ်လည်း နှစ်တိုင်း သူငယ်ချင်း ကောင်မလေး တစ်ယောက်ပြီးတစ်ယောက်ဟန်ဆောင်တွဲပြပြီး သူမအချစ်ကို မျက်ကွယ်ပြုခဲ့တယ်။ နောက်ဆုံးတော့ နယ်လီဟာ ရောဘတ်ကို ပြတ်ပြတ်သားသားပြောဖို့ဆုံးဖြတ်လိုက်တယ်။ သူမအတွက် အကြိမ်ကြိမ်အခါခါ ကြိုးစားပေမယ့် ရောဘတ်ရဲ့ဟန်ပန်ကြောင့် စိတ်ပျက်ဝမ်းနည်းခဲ့ရတာများပြီး နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်။ “ ရောဘတ်..နင်ဟာ င့ါအတွက် တစ်ဦးတည်းသော ငါအချစ်ရဆုံး ယောက်ျားတစ်ယောက်ပါ။ နင်ကလွဲလို့ ငါ့ရင်ထဲမှာ ဘယ်သူမှ ရှိလာမှာမဟုတ်ဘူး။ ဒါပေမယ့် နင်က င့ါအချစ်ကို လက်မခံတော့ နောက်ထပ် နင့်ဆီဘယ်တော့မှ ငါမလာတော့ဘူး။ ငါဆုံးဖြတ်လိုက်ပြီ” ။ နယ်လီဟာ နာကျင်တဲ့ နှလုံးသားတစ်စုံနဲ့ ရောဘတ်ကို ကျောခိုင်းထွက်ခွာလာခဲ့ပြီး သူမမြို့လေးဆီကို ပြန်သွားခဲ့တယ်။
ဒီလိုနဲ့ အချိန် ၃ နှစ်ကြာသွားခဲ့တယ်။ နယ်လီလည်း ခရစ္စမတ်ရောက်တိုင်း ရောဘတ်ဆီကို မလာတော့သလို စာလည်း မရေးတော့ပါဘူး။ ရောဘတ်နဲ့ နယ်လီကြားမှာ လုံးဝ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်။ ရောဘတ်ကတော့ သူ့ရင်ထဲက အချစ်စစ်ကောင်မလေးကို ဘယ်တော့တွေ့မလဲ ရှာဖွေနေတုန်း။
ခရစ္စမတ်နှစ်သစ်ကူးကိုရောက်လာခဲ့ပြန်ပြီ။ ခရစ္စမတ်ပွဲတော်ဆီကို ရောဘတ်တစ်ယောက်တည်းသွားခဲ့တယ်။ သူငယ်ချင်းတွေက ရောဘတ်ကို အရင်လို ဟန်ဆောင်ရည်းစားတွေမပါတော့ဘဲ တစ်ယောက်တည်းလာတာတွေ့တော့ အော်ဟစ် နောက်ပြောင်မေးနေကြတော့တယ်။ “ ဒီနှစ် မင်းမှာ ဟန်ဆောင်ချစ်သူလည်းမတွေ့တော့ပါလား။ သူငယ်ချင်းတွေ ကုန်သွားပြီလား” ဆိုတော့ ရောဘတ်က “ ဒီနှစ်တွေမှာ ဟန်ဆောင်ရည်းစားမလိုတော့ဘူး၊ ငါ့အတွက် ဘယ်သူမှ မလိုတော့ဘူး” ဆိုပြီး ပြန်ပြောကာ သူငယ်ချင်းတွေနဲ့ ပျော်နေခဲ့တယ်။
အဲဒီလိုအချိန်မှာ သူ ဟန်ဆောင်တွဲခဲ့တဲ့ သူငယ်ချင်းကောင်မလေးတစ်ယောက် သူ့ကိုမြင်ပြီး အော်ဟစ်ပြေးလာပါတော့တယ်။ မြင်သွားပြီဆိုတော့ ရှောင်လို့မရတဲ့အတူ လူမှုရေးအရ ပြန်လည်နှုတ်ဆက်လိုက်ရတယ်။ ကောင်မလေးကြည့်ရတာ လက်ထဲမှာ ဝီစကီခွက်လေးကိုင်လို့ နည်းနည်းမူးနေပုံရတယ်။ ရောဘတ်ကို မေးခွန်းတွေ ဆက်တိုက်မေးနေတော့တယ်။ “ ဟေ့ ..ရောဘတ် ..နင် ဒီနှစ်ကား ဟန်ဆောင်ရည်းစားမလိုဘူးလား။ နင် အရင်နှစ်တွေကလည်း ဟန်ဆောင်ရည်းစား မတွဲခဲ့ဘူးနော်။ ဘာဖြစ်လို့လဲ။”
“ ဟုတ်တယ်..အရင်နှစ်ကလည်း ငါ ဘယ်သူ့မှ ဟန်ဆောင်ရည်းစားမထားခဲ့ဘူး။ ငါ့အတွက် မလိုအပ်လို့လေ” လို့ပြောရင်း ပြောနေတဲ့ စကားမဆုံးမီ ရောဘတ် ကိုယ့်ကိုကိုယ် တစ်ခုခု နားလည်လိုက်သလိုခံစားလိုက်ရတယ်။ သူ့ရဲ့ စိတ်ထဲ  အနက်ရှိုင်းဆုံးတစ်နေရာက အရာတစ်ခုကို သူ ရုတ်တရက်မြင်လိုက်ရသလို သူ့ကိုယ်သူ ပြန်လည်သုံးသပ်ရင်း လုံးဝနားလည်သွားခဲ့တယ်။ သူမျော်လင့်နေခဲ့တဲ့ သူ့ရင်ထဲက ကောင်မလေးဟာ နယ်လီသာဖြစ်တယ်။
ရောဘတ် ချက်ချင်း ပြေးထွက်လာခဲ့ပြီး နယ်လီဆီကို ဖုန်းဆက်ဖို့ ကြိုးစားတော့တယ်။ စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ နယ်လီ အသစ်တွေ့သွားပြီလားဆိုတဲ့အတွေးက လူကို ယောက်ယက်ခတ်နေခဲ့တယ်။ ဒီလောက်အချိန်တွေကုန်သွားခဲ့ပြီ။ သူဘာလို့ သူ့ကိုယ်သူ မသိခဲ့တာလဲ အပြစ်တင်စိတ်နဲ့ နယ်လီကို ဆုံးရှုံးရမှာ စိတ်က မခံစားနိုင်အောင်ကိုဖြစ်နေခဲ့တယ်။
သူ ဖုန်းတွေဆက်တိုက် ဆက်ခဲ့ပေမယ့် နယ်လီက ဖုန်းမကိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ မနားတမ်းဆက်နေခဲ့လိုက်တဲ့ ဖုန်းဟာ ညသန်းခေါင်ကျော်အချိန်မှာ နယ်လီနဲ့ဖုန်းပြောခွင့်ရသွားခဲ့တယ်။ သူ့ရဲ့အချစ်တွေကို အခုမှ သိတဲ့အတွက် တောင်းပန်ရင်း သူ့ကို ပြန်လက်ခံဖို့ အနူးအညွတ်တောင်းဆိုနေခဲ့တယ်။ နယ်လီအတွက်က ရောဘတ်ဟာ တစ်ဦးတည်းသော ချစ်ရသူဆိုတော့ ရောဘတ်နဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ လက်မလျော့ခဲ့ပါဘူး။ နောက်ဆုံးတော့ အချစ်စစ်တို့မှန်ရာ သက်ဆိုင်သူဆီကိုရောက်ခဲ့ပြီလေ။
ရောဘတ်ဟာ သူ့ရဲ့အချစ်ခရီးကိုပြန်လည်စတင်ဖို့ နယ်လီရှိတဲ့မြို့လေးကိုသွားဖို့ စီစဉ်လိုက်ပါတယ်။ ရောဘတ်ရဲ့ ရင်ထဲမှာ အပျော်တွေစီးဝင်လို့ ထခုန်မတတ်ပျော်နေခဲ့တယ်။ ဒီလိုနဲ့  ခရီးထွက်ဖို့မတိုင်မှီ ၂ ရက်အလိုမှ ရောဘတ်ဆီကို ဖုန်းတစ်ခုဝင်လာပါတယ်။
“နယ်လီတစ်ယောက် ကားအက်ဆီးဒင့်ကြောင့် ဦးနှောက်မှာ ထိခိုက်ဒဏ်ရာရပြီး ၆ နာရီအကြာလောက်ကပဲ ဆုံးသွားပြီ..သားရေ” ။ အက်ကွဲနေတဲ့ နယ်လီ ဖခင်အသံကိုနားထောင်ရင်း ရောဘတ်တစ်ယောက် ဖုန်းခွက်ကိုင်ရင်းတန်းလန်း ငိုင်တွေနေခဲ့တယ်။
နယ်လီမရှိတော့ဘူး။ ရှိတဲ့ကာလာတုန်းက နယ်လီ သူ့ဆီကို လာခဲ့တယ်။ သူမောင်းထုတ်ခဲ့တယ်။ အခု သူမရှိတော့ဘူး။ ကံကြမ္မာက ရက်စက်လိုက်တာ။ သူ့ကိုမှ ဒီလို ဘာလို့ရက်စက်ရတာလဲ။ သူ့ရဲ့ ကမ္ဘာလေးကို ဒီလိုပုံစံမျိုး ဘာလို့ ဖျက်ဆီးလိုက်ရတာလဲ။ နယ်လီရေ..ကုန်လွန်သွားခဲ့တဲ့ အချိန်တွေအတွက်၊ဖြုန်းတီးမိခဲ့တဲ့ အချိန်တွေအတွက်၊ စောင့်စားခဲ့တဲ့ နင့်အတွက် နင်မရှိတဲ့နေ့ရက်တွေကို ငါဘယ်လို ဖြတ်သန်းရမလဲ။ နောင်တမျက်ရည်တွေက မျက်ဝန်းဆီမှာ တစ်လိမ့်လိမ့်စီးဆင်းလျှက်……။
လူ့ရဲ့သက်တမ်းဟာ ဘယ်သူမှ အတိအကျမပြောနိုင်တဲ့အရာပါ။ ဘယ်သူဟာ ဘယ်အချိန်မှာ ဘယ်လို သေဆုံးသွားနိုင်မလဲ ဘယ်သူမှ မသိနိုင်တဲ့ ကိစ္စပါ။ အဓိကတော့ ကျွန်မတို့တွေဟာ ရှင်သန်ခွင့်ရနေတဲ့ ကာလလေးထဲမှာ ကိုယ့်ရဲ့ချစ်သူတွေကို အပြည့်အဝချစ်ဖို့၊ ကြင်နာဖို့ ဘာလို့ တွန့်ဆုတ်ဝန်လေးနေဖို့လိုလဲ။ ရှင်သန်နေတုန်း ကြင်နာခွင့်၊ချစ်ခွင့်ရနေတာ။ မရှိတော့တဲ့အချိန်မှ ကြင်နာချင်ပါတယ်ဆိုလို့ ရနိုင်ပ့ါအုံးမလား။ ခွဲခွာခဲ့ရသူရဲ့နှလုံးသားတိုင်း နားလည်ကြလိမ့်မယ်လို့ထင်ပါတယ်။
ဒါကြောင့်ရှင်သန်ခွင့်ရနေတုန်းမှာ ကိုယ့်ရဲ့ချစ်သူတွေကို ပြည့်ပြည့်ဝဝ ချစ်ခင်ကြင်နာကြဖို့၊ တစ်ဦးကိုတစ်ဦး မနာကျင်၊ မထိခိုက်ကြစေဖို့ ဂရုစိုက်သင့်ကြောင့် ဒီအဖြစ်အပျက်လေးနဲ့ ခံစားဖော်ပြပေးလိုက်ပါတယ်။
Share:
Email ThisBlogThis!Share to XShare to Facebook
← Newer Post Older Post → Home
0 comments:
Post a Comment
တင်ခဲ့သမျှခေါင်းစဉ်များ
သတင်းစာ (6)
Social Profiles
TwitterFacebookGoogle PlusInstagramRSS FeedEmail
Followers
MP3-Dhamma
1
“ရ” အက္ခရာစဉ် တရားတာ်ာများ
2
“လ” အက္ခရာစဉ် တရားတာ်ာများ
3
“၀” အက္ခရာစဉ် တရားတာ်ာများ
4
“သ” အက္ခရာစဉ် တရားတာ်ာများ
5
“အ” အက္ခရာစဉ် တရားတာ်ာများ
6
MP3 တရားတော်များ
7
အရှင်ဉာဏိဿရ၏ တရားတော်များ
8
မဂ္ဂဇင်းစာအုပ်
9
မြန်မာစာမြန်မာမှု
10
သမိုင်း
11
နိုင်ငံရေး စာအုပ်
12
စာရေးဆရာကြီးများ
13
ကဗျာစာအုပ်
14
ယဉ်ကျေးမှုစာအုပ်များ
15
အင်္ဂလိပ်စာအုပ်များ
16
ဟင်းချက်နည်း
http://thukhaaung2016.blogspot.com/2017/11/adobe-reader-x-1014-fina.html
မြန်မာ့အလင်းသတင်းစာ
ကြေးမှုံသတင်းစာ
မြ၀တီသတင်းစာ
တရားစာအုပ်များ
နေ့စဉ်သတင်း
ဆောင်းပါး
ဝတ္ထုစာအုပ်များ
Loading...
မန်ဘာဝင်ပြီးအားပေးပါ။
  • Popular
  • Tags
  • Blog Archives
Popular Posts
  • 17-12-2017 မြ၀တီသတင်းစာ
    https://www.scribd.com/document/367345928/17-12-2017-Themyawadydaily
    16 12 2017 မြ၀တီနေ့စဉ်သတင်းစာ
    https://www.scribd.com/document/367293652/16-12-2017-Themyawadydaily
    15 12 2017 မြ၀တီနေ့စဉ်သတင်းစာ
    https://www.scribd.com/document/367218082/15-12-2017-Themyawadydaily
    14-12-2017 မြ၀တီ သတင်းစာ
    https://www.scribd.com/document/367130785/14-12-2017-Themyawadydaily
    13-12-2017 မြ၀တီ သတင်းစာ
    https://www.mediafire.com/file/bn4dwjabh991ip5/13-12-2017+Themyawadydaily%2B.pdf?ssl=1&ssl=1
    12-12-2017 မြ၀တီသတင်းစာ
    https://www.mediafire.com/file/2ij88wglt8n7q9e/12-12-2017+Themyawadydaily%2B.pdf
    မြန်မာ့အလင်းသတင်းစာ
    ကြေးမှုံသတင်းစာ
    ကျေးဇူးတင်ပါသည်။
    မြ၀တီသတင်းစာ
    တရားတော်များ
    သတင်းစာ
    သုခအောင် APP အသစ်လေး
    သုခအောင်~စာအုပ်စင် Apk
    Download
    visitors by country counter
  • ငွေတာရီမဂ္ဂဇင်း အမှတ် (၆၈၇)
    https://www.scribd.com/document/362566179/25-10-2017-NTY
    25-10-2017 သုတအလင်း မဂ္ဂဇင်း
    https://www.scribd.com/document/362564722/25-10-2017-Thuta
    28-9-2017 သုတအလင်း မဂ္ဂဇင်း
    https://www.scribd.com/document/360131452/28-9-2017-Knowledge-Light-Magazine
    23-8-2017 မိုးသောက်ပန်း ဂျှာနယ်
    http://www.mediafire.com/file/vzsr4p11ejvy71p/23-8-2017+MTP1%2B.pdf
    1-11-2017 တေဇရုပ်စုံ
    https://www.scribd.com/document/363179624/1-11-2017-Tayza
    29-8-2017 တေဇ ရုပ်စုံ
    https://www.scribd.com/document/357502866/29-8-2017-Tay-Za
    Apk အပေါ်ပုံကိုထောက်၍ ဒေါင်းယူပါ။
    ဝင်ရောက်လေ့လာသူဦးရေ
  • 17-12-201 ရတနပုံသတင်းစာ
    https://www.scribd.com/document/367345932/17-12-2017-Yadanarpondaily
    16 12 2017 ရတနာပုံနေ့စဉ်သတင်းစာ
    https://www.scribd.com/document/367293659/16-12-2017-Yadanarpondaily
    15 12 2017 ရတနာပုံနေ့စဉ်သတင်းစာ
    https://www.scribd.com/document/367218097/15-12-2017-Yadanarpondaily
    14 12 2017 ရတနာပုံနေ့စဉ်သတင်းစာ
    https://www.scribd.com/document/367130801/14-12-2017-Yadanarpondaily
    24-8-2017 ရတနာပုံ သတင်းစာ
    http://www.mediafire.com/file/h52u7bezmuomphw/24-8-2017+Yadanarpon+Daily%2B.pdf
    http://thukhaaung2016.blogspot.com/2017/11/adobe-reader-x-1014-fina.html
    မြန်မာ့အလင်းသတင်းစာ
    ကြေးမှုံသတင်းစာ
    သတင်းစာ၊ ဂျာနယ်အစုံ
    မြ၀တီသတင်းစာ
    နေ့စဉ်သတင်း
    ဆောင်းပါး
Copyright © မောတောင် သတင်းမီဒီယာ | Powered by Blogger
Design by FlexiThemes | Blogger Theme by NewBloggerThemes.com