သုခအောင် စာအုပ်စင်သို့ လာရောက်လည်ပတ်ကြသော စာပေချစ်ပရိတ်သတ်အားလုံး မင်္ဂလာပါ။ လာရောက်လည်ပတ်သည့်အတွက်ကျေးဇူးတင်ပါတယ်။ ဤဘလော့မှပေ့အားလုံးကို လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါသည်။ လိုအပ်သည်များကိုလည်း 09-400700358/09-760136274 ကိုဖုန်းဆက်အကြံပေးနိုင်ပါသည်။

Sunday, 17 November 2019

ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမဲ့ အခြေခံ အရည်အချင်း ၈ ချက်

👉👉👉မိတ်ဆွေဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတယ်ဆိုရင်

ဒါမှ မဟုတ် လေ့လာနေရင် ခေါင်းဆောင်ကောင်းတွေကိုလည်း ရှာဖွေ

ချဉ်းကပ်တတ်ဖို့ လိုပါတယ်။မိမိရဲ့ ဘဝကို ပိုမို ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုပေါ်

ရောက်ဖို့အတွက် ခေါင်းဆောင်မှုကတော့ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတွေပဲ

ဖြစ်ပါတယ်။ဒါကြောင့် အခုမှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက်မှာရှိရမဲ့

အခြေခံ အရည်အချင်း ၈ ချက်ကို မိတ်ဆွေအတွက် မျှဝေလိုက်ပါတယ်။

💪💪💪 ၁။ ယုံကြည်မှု

စစ်မှန်တဲ့ ခေါင်းဆောင်တွေဟာ သူတို့ကို သူတို့ ယုံကြည်မှုအပြည့်ရှိကြပါတယ်။

သူတို့ရဲ့ အဖွဲ့အစည်းကို နောက်တစ်ဆင့်မြင့်တက်သွားအောင်လည်း

စွမ်းဆောင်နိုင်တယ်ဆိုတာကို ယုံကြည်ပြီးတော့ အမှန်တကယ်လည်း

တွေးတော ကြံဆ လုပ်ဆောင်နိုင်စွမ်းရှိကြသူတွေပဲ ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းရှိပြီး သွက်လက်ချက်ချာကြသလို အောင်မြင်တဲ့လမ်းကြောင်းတွေကို

လျောက်လှမ်းနိုင်ဖို့အတွက်အလည်း အမြဲတမ်း ကြံဆနေသူတွေ ဖြစ်ကြပါတယ်။

👁👁👁 ၂။ အာရုံစိုက်မှု

ထူးချွန်တဲ့ခေါင်းဆောင်တွေက သူတို့ ဘာလိုချင်လဲဆိုတာကို ပြတ်ပြတ်သားသား သိကြပါတယ်။

သူတို့ရဲ့ ရည်မှန်းချက်တွေကလည်း အောင်မြင်မှုဆီကိုပဲ အမြဲတမ်း မြင်ယောင်နေကြတယ်။

မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရ ချိန်မှာတောင် သူတို့ ရည်မှန်းချက်တွေကိုပဲ

ဦးတည်ပြီးတော့ သူတို့ရဲ့ အဖွဲ့အစည်းကို ကောင်းကောင်း ဦးဆောင်နိုင်စွမ်း ရှိကြသူတွေပဲ ဖြစ်ပါတယ်။

🙋‍♂🙋‍♂🙋‍♂ ၃။ ရိုးသားမှု

လူတော်တော်များများက ခေါင်းဆောင်တွေရဲ့ ရိုးသားပွင့်လင်းမှုကို လေ့လာတတ်ကြပါတယ်။

သူတို့ရဲ့ အဖွဲ့အစည်းတွေကို ဘယ်လို ကောင်းကောင်း ထိန်းကျောင်းပြီးတော့ လိုရာပန်းတိုင်ကို

ရောက်နိုင်ဖို့ စွမ်းဆောင်ကြချိန်မှာလည်း ရိုးသားပွင့်လင်းစွာပဲ လုပ်ဆောင် တတ်ကြပါတယ်။

ရိုးသားမှုက ရှေ့ဆုံးကနေ ဦးဆောင်သွားဖို့အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

😊😊😊 ၄။ အကောင်းမြင်မှု

ခေါင်းဆောင်ကောင်းတွေရဲ့ နောက်ထပ် အရည်သွေးကောင်းတစ်ရပ်ကတော့

အကောင်းမြင်နိုင်စွမ်း မြင့်မားတာ ဖြစ်ပါတယ်။

အဲ့ဒီလို အကောင်းမြင်မှုက သူတို့ရဲ့ အဖွဲ့အစည်းအတွက် အားအင်တွေ ပေးစွမ်းပြီးတော့

စိန်ခေါ်မှုတွေကိုလည်း တုန့်ပြန်နိုင်စွမ်းရှိကြပါတယ်။

🤯🤯🤯 ၅။ ဆုံးဖြတ်ချက် ပြတ်သားမှု

ခေါင်းဆောင်တိုင်း ကြုံတွေ့ရမဲ့ အရာတစ်ခုကတော့ ခက်ခဲ ရှုပ်ထွေးတဲ့ အဖြစ်အပျက်တွေပေါ်မှာ

ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဆောင်ရွက်နိုင်ကြပါတယ်။

ခက်ခဲတဲ့ အချိန်တွေကို ကောင်းမွန်စွာ ထိန်ကြောင်းပြီး အသင့်တော်ဆုံး ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချမှတ်နိုင်ခြင်းက သူတို့နောက်က အဖွဲ့အစည်းကို များစွားအားတက်စေပြီး

ယုံကြည် ကိုးစားစေပါတယ်။

👨‍💼👨‍💼👨‍💼 ၆။ လှုံ့ဆောင်နိုင်မှု စွမ်းရည်

ခေါင်းဆောင်ကောင်း တွေမှာ သဘာဝ ပင်ကိုယ်စွမ်းရည် မြင့်မားမှုက သူရဲ့ အဖွဲ့အစည်းကို

ပိုပြီးတော့ အားတက်စေပါတယ်။

လူတွေကို အလွယ်တကူ ဦးဆောင်လွှမ်းမိုး နိုင်ဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင်

အားသာချက်တွေ့ကိုလည်း သိရှိထားကြပါတယ်။

🤝🤝🤝 ၇။ ကောင်းမွန်သော ဆက်ဆံရေး

ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေး ပုံစံနဲ့ ကိုယ့်အဖွဲ့အစည်းရဲ့ ဆက်ဆံရေး ပုံစံကိုလည်း

ကောင်းကောင်းသိထားကြသူတွေပဲ ဖြစ်ပါတယ်။

ခေါင်းဆောင် ကောင်းတွေက သူတို့ရဲ့ အဖွဲ့အစည်းကို သတင်းအချက်အလက်တွေအတွက်ပဲ

ဆက်သွယ်တာမျိုးကို ရှောင်ကြဉ်လေ့ရှိပြီးတော့ သူ့ရဲ့ အဖွဲ့အစည်းရည်မှန်းချက်ကို ရောက်နိုင်ဖို့အတွက်

စိတ်လှုပ်ရှားပြီး ပိုမို တက်ကြွလာစေမဲ့ ပြောဆို ဆက်ဆံရေးတွေကို ပြုလုပ်ကြပါတယ်။

🤔🤔🤔 ၈။ တာဝန်ခံမှု

ခေါင်းဆောင်ကောင်း တစ်ယောက်က ဖြစ်ပေါ်လာတဲ့ လွဲမှားမှုတွေအတွက်လည်း တာဝန်ခံကြပါတယ်။

ခေါင်းဆောင် တစ်ယောက်က အဖွဲ့အစည်းတိုးတက်ဖို့အတွက် ဦးဆောင်တဲ့ နေရာမှာ

လွဲမှားတာတွေကို အကောင်းဆုံး လက်ခံ ဖြေရှင်းနိုင်ပြီး တာဝန်ခံ နိုင်တာကလည်း

ရှိကို ရှိရမဲ့ စွမ်းဆောင်ရည် တစ်ရပ်ပဲ ဖြစ်ပါတယ်။

ခေါင်းဆောင်းကောင်းတွေက သူတို့ရဲ့ ပြစ်တင်ပိုင်ခွင့်ထက် တာဝန်တွေခွဲယူထားတတ်ကြသလို

သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း တာဝန်ယူနိုင်ဖို့အတွက်

ကောင်းမွန်စွာ သတ်မှတ်ပိုင်းခြားတတ်ကြပါတယ်။

👉👉👉မိတ်ဆွေ အနေနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ ခေါင်းဆောင်ကောင်းတွေရဲ့

အမူအကျင့်တွေကို လေ့လာပြီးတော့ သူတို့လိုပဲ ခေါင်းဆောင်ကောင်းတစ်ယောက်ဖို့ ကြိုးစားနိုင်သူ တစ်ယောက်ဖြစ်ပါတယ်။
မိတ်ဆွေမှာ ဘယ်လို အချက်တွေ ပိုင်ဆိုင်နေပြီလဲဆိုတာ Comment မှာ ပြန်လည်မျှဝေပေးခဲ့နိုင်ပါတယ်။

ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ပိုမိုတိုးတက်ချင်တဲ့ မိတ်ဆွေများအတွက် အကျိုးရှိအောင် Share ပေးခဲ့ပါဦး။

အားလုံး အောင်မြင်ပျော်ရွှင်တဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင် နိုင်ပါစေ။

Always Live with Passion
Pyay Khaing
Asia Top Life & Business Coach

(Zawgyi)

Share:

0 comments:

Post a Comment

တင်ခဲ့သမျှခေါင်းစဉ်များ

Followers

မန်ဘာဝင်ပြီးအားပေးပါ။

Popular Posts